Trending Now

မြစ်ကြီနားမြို့၏ ဧရာဝတီ မြစ်ရေသည် (၂၄)နာရီအတွင်း (+63)cm ၂ ပေခန့် မြင့်တက်လာ

Spread the love

မြစ်ကြီနားမြို့၏ ဧရာဝတီ မြစ်ရေသည် (၂၄)နာရီအတွင်း (+63)cm ၂ ပေခန့် မြင့်တက်လာ

EPN
မြစ်ကြီးနား ၊ မေလ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၏ ဧရာဝတီမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲ အချိန်အထိ တိုင်းတာချက်အရ မြစ်ကြီးနားမြို့၏ မြစ်ရေမှာ (၂၄)နာရီအတွင်း (+63)cm ၂ ပေခန့် မြင့်တက်လာကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြစ်ကြီနားမြို့၏ ဧရာဝတီ မြစ်ရေသည် တစ်နာရီကို (10cm)၄ လက္မနှုန်းဖြင့် ဆက်လက်မြင့်တက်နေပြီး မိုခါ(MOCHA) မုန်တိုင်း အရှိန်ကြောင့် ဧရာဝတီမြစ် အထက်ပိုင်းဖြစ်သည့် မေခမြစ်နှင့် မလိခမြစ်ဝှမ်းဒေသများ အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေခမြစ်၊ မလိခမြစ် နှစ်ခုလုံး မြစ်ရေ
ပြိုင်တက်လာပြီး မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေသည် တရှိန်ထိုး မြင့်တက်လာနိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေ သည် မနေ့က ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းယနေ့နံနက် စောစောပိုင်း (01:00am) အချိန်ခန့်မှစပြီး ဖြေးဖြေးချင်း ပြန်လည်မြင့်တက် နေပါတယ်။ လက်ရှိတင်ပြချိန်မှာလည်း တစ်နာရီကို (10cm)၄ လက္မ နှန်းနဲ့ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ မိုခါ(MOCHA) မုန်တိုင်း အရှိန်ကြောင့် မေခမြစ် နဲ့ မလိခ မြစ်ဝှမ်းဒေသများ အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကိုလဲတွေ့ရတယ်။ မေခမြစ်ရော၊ မလိခ မြစ်ပါ နှစ်ခုလုံး ပြိုင်တက်လာတာဖြစ်လို့မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ တရှိန်ထိုး မြင့်တက်လာနိုင်ပါကြောင်းပါခင်ဗျာ ” ဟု ၎င်းကပြောသည်။

နံနက် (၈)နာရီခွဲအချိန် တိုင်းတာချက်အရ ၃ ပေ ကျော်ခန့် ပြန်လည်မြင့်တက် နေပြီးစုစုပေါင်းအများဆုံး (305 cm) ၁၀ ပေမှ (370 cm) ၁၂ ပေခန့်အထိ လက်ရှိရေအမှတ်အထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်ကြသော တောင်သူများနှင့် မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပေးချက်များကိုလိုက်နာပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ ထားရန်လိုအပ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။