Trending Now

အမေရိကန်ဦးဆာင်သော နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုသို့ ဖျက်သင်္ဘော နှစ်စင်း တောင်ကိုရီးယား စေလွှတ်မည်

Spread the love

အမေရိကန်ဦးဆာင်သော နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုသို့ ဖျက်သင်္ဘော နှစ်စင်း တောင်ကိုရီးယား စေလွှတ်မည်

EPN
နိုင်ငံတကာ၊ မေ ၂၄

သြဂုတ်လအတွင်း ဟာဝိုင်ယီကျွန်းအနီး ကျင်းပရန်စီစဉ်ထားသော အမေရိကန်နိုင်ငံ ဦးဆောင်သည့် နိုင်ငံ စုံ ရေတပ်စစ်ရေးလေ့ကျင့်မှုသို့ တောင်ကိုရီးယားရေတပ်က ဖျက်သင်္ဘောနှစ်စင်း စေလွှတ်ရန် စီစဉ်နေသည်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တစ်နှစ်လျင်နှစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို အရွယ်အစား လျော့မည်ဟု ယူဆရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

သြဂုတ်လ ၁၇ ရက်မှ ၃၁ ရက်အထိ ကျင်းပရန်စီစဉ်ထားသော The Rim of the Pacific (RIMPAC) စစ်ရေးလေ့ကျင့်မှုသို့ တောင်ကိုရီးယား ရေတပ်က တန်ချိန် ၇၆၀၀ ရှိ အေးဂျိစ်ဒုံးကျည်တပ် ဖျက်သင်္ဘောနှင့် တန် ချိန် ၄၄၀၀ ရှိ ဖျက်သင်္ဘောတစ်စင်း စေလွှတ်မည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက အဆိုပါစစ်ရေးလေ့ကျင့်မှုသို့ ဖျက်သင်္ဘောများနှင့်အတူ ရေငုပ် သင်္ဘောတစ်စင်း၊ ကင်းလှည့်လေယာဉ် တစ်စင်းနှင့် တပ်ဖွဲ့ဝင် ၇၀၀ ခန့် စေလွှတ်ခဲ့သော်လည်း ယခုနှစ်အတွက် စစ်ဘက်ကိရိယာများ စုစည်းထားမည်မဟုတ်ပေ။

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း လျှော့ချမည်ဟု မျှော်မှန်းရသည်။ စစ် ရေးလေ့ကျင့်မှုမှာ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် စုပေါင်း စစ်ဆင်ရေး စွမ်းပကားများ မြှင့်တင်ရန် ပုံစံချ ထားသည်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွင် အမြဲဆိုသလို ပါဝင်ခဲ့ပြီး အေးဂျိစ်ဒုံးကျည်တပ်ဆင်ထား သော စီဂျောင် ဖျက်သင်္ဘောအပါအဝင် စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်သော စိုးရိမ်မှုများကြောင့် ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် မြေ ပြင်နှင့် ကမ်းခြေအခြေပြု လေ့ကျင့်မှုများ လျော့နည်းမည်ဖြစ်ပြီး လူမှုရေးအခမ်းအနားများ ချန်လှပ်မည်ဟု အမေရိကန်ရေတပ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

–ကိုးကား–
ယွန်ဟပ်
Ref; Navy to send 2 destroyers to U.S.-led RIMPAC exercise


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။