Trending Now

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာ

Spread the love

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဧပြီ ၂

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်များကို အွန်လိုင်းမှ တရားမဝင်ဝယ်ယူမှုများ တိုးပွားလာနေပြီး အများပြည်သူကျန်းမာရေးနဲ့ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

တရားမဝင်ရောင်းဝယ်မှု အရေအတွက်ဟာ အစောပိုင်းနှစ်ကထက် ၇၄ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ရောင်းဝယ်ဖောက်ကား နေတဲ့ မျိုးစိတ် ၁၇၃ မျိုးအတွင်း ၅၄ မျိုးဟာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်များဖြစ်တယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသူများ ပိုင်ဆိုင်တဲ့ Facebook အကောင့် ၆၃၉ ခုကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝယ်ယူရောင်းချတဲ့ တိရစ္ဆာန်အများစုဟာ ဆင်များ၊ ဝက်ဝံနဲ့ မျောက်လွှဲကျော်များ၊ တိဗက် မျောက်ဝံများ၊ မျိုးတုံးလုနီးပါး ဖြစ်နေတဲ့ သင်းခွေချပ်များနဲ့ အာရှဘီလူးလိပ်များ ပါဝင်နေတယ်လို့ ဆိုပါတယ်။

SARS ရောဂါနဲ့ COVID-19 ကဲ့သို့သော ရောဂါပြန့်ပွားမှုဖြစ်နိုင်ခြေရှိတဲ့ သင်းခွေချပ်များ နဲ့ ကြောင်ကုပ်များလည်း ပါဝင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တောရိုင်းမျိုးစိတ်များကို စည်းကြပ်မှုမရှိဘဲ ရောင်းဝယ်ဖောက်ကားနေခြင်းဟာ တောရိုင်းမျိုးစိတ်များ နဲ့ လူသားများကြားမှ ထွက်ပေါ်လာနိုင်တဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုဟာ COVID-19 ကဲ့သို့သော ကာကွယ်ဆေးခံနိုင်ရည်ရှိသော ရောဂါများ ဖြစ်ပွားမှုပါမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

COVID-19 ဟာ တိရိစ္ဆာန်များထံ မှ စတင်ဖြစ်ပွားလာတဲ့ ရောဂါများစွာထဲမှ တစ်ခုဖြစ်ပြီး အာဖရိကတိုက်ရှိ ချုံပုတ်အမဲသားကို သတ်ဖြတ်ရောင်းချခြင်းကြောင့် အီဘိုလာ ရောဂါ၊ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ရှိ ဈေးတစ်ခုတွင် ကြက်များမှ ပေါက်ဖွားလာတဲ့ ကြက်ငှက်တုတ်ကွေး၊ ကျွဲနွားများမှ တဆင်ကူးစက်လာတဲ့ ဝက်သက် လိုရောဂါတွေဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အများစုဟာ Facebook မှတဆင့်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု ရပ်တန့်ရေး မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အရောင်းအဝယ်တွင် ပါဝင်ပတ်သက်နေသူများကို ပိတ်ဆိုရန် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများ မြန်မာနိုင်ငံမှာ မြင့်တက်လာနေတာကြောင့် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ အခန်းကဏ္ဍကို ပိုမိုနားလည်သဘောပေါက်ရန် အနာဂတ်လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ထားတယ်လို့ ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

Source – republicworld


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။