Trending Now

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးရန်လိုအပ်နေသေး ဟု UWSA အဖွဲ့ဆို

Spread the love

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးရန် လိုအပ်နေသေး ဟု UWSA အဖွဲ့ဆို 

EPN
ရန်ကုန်၊ ဇွန် ၆

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်လေးခုတွင် ကျင်း ပနိုင်ရေး UWSA နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကြားဆွေးနွေးထားသော်လည်း ထပ်မံဆွေး နွေးရန် လိုအပ်သေးကြောင်း UWSA လားရှိုးဆက်ဆံရေးတာ၀န်ခံ ဦးညီရမ်းက ဇွန်လ ၆ ရက်နေ့က ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပနိုင်ရေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း ရွေး ကောက်ပွဲအား ကျင်းပရန်အတွက် ထပ်မံတွေ့ဆုံညှိနှိုင်းဆွေးနွေးရန် လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။

“ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့ “ဝ” ခေါင်းဆောင်တွေနဲ့ သွားတွေ့တယ် အဲ့ဒါက နောက်ဆုံးပါပဲ ဆက်လက်ပြီးတော့ ဆွေးနွေးဖို့လိုပါသေးတယ်။ ပြင်ဆင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ကလည်း အခြေခံလို အပ်ချက်တွေ လိုပါသေးတယ်” ဟု UWSA လားရှိုးဆက်ဆံရေးတာ၀န်ခံ ဦးညီရမ်းက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ် များတွင် ရွေးကောက်ပွဲကို ကျင်းပနိုင်သော်လည်း “ဝ” လက်နက်ကိုင်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော မိုင်းမော၊ ပန်းဝါ၊ နားဖန်း၊ ပန်ဆန်းစသည့်မြို့နယ်များတွင် ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဒါတွေက ဆွေးနွေးနေတုန်းပဲ ရှိနေပါသေးတယ်။ နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်တွေ ကဏ္ဍတွေကို ကျွန်တော်တို့ မပါ၀င်ပေမယ့်လည်း ပါ၀င်ဖို့လည်း အဆင်သင့်မဖြစ်သေးတဲ့အနေအထားမျိုးဆိုတော့လည်း အစိုးရနဲ့ တပ်မ တော် ရဲ့ ရွေးကောက်ပွဲတွေကို ကျွန်တော်တို့လည်း အားပေးပါတယ် ” UWSA လားရှိုးဆက်ဆံရေး တာ၀န်ခံ ဦးညီရမ်းက ပြောသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွေးကောက်ပွဲကျင်းပရန် ဆွေးနွေးမှုများရှိနေသော်လည်း UWSA အနေဖြင့် အစိုးရနှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများမရှိသေးပါ။

ဖြိုးအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။