Trending Now

ဗန်းမော်မြို့၊ ရွှေမြစ်ဆုံဟိုတယ်မှ အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်များ လှူဒါန်း

Spread the love

ဗန်းမော်မြို့၊ ရွှေမြစ်ဆုံဟိုတယ်မှ အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်များ လှူဒါန်း

EPN
ဗန်းမော်၊ စက်တင်ဘာ ၃၀ (၂၀၂၃)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ ရွှေမြစ်ဆုံ ဟိုတယ်မှ စားသောက်ကုန်များကို အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေမြစ်ဆုံ ဟိုတယ် မိသားစုသည် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ရွှေမြစ်ဆုံ ဟိုတယ်အ‌ရှေ့တွင် အခြေခံလူတန်းစားပြည်သူများအား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥငါးလုံး၊ စားသုံးဆီ၊ ဆားထုတ်များ ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များကလည်း ရွှေမြစ်ဆုံ ဟိုတယ် မိသားစုမှ အခြေခံလူတန်းစား ပြည်သူများအား ယခုကဲ့သို့ စား‌သောက်ကုန်များလှူဒါန်းခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။