Trending Now

ပူတာအိုမြို့ စည်ပင်သာယာဈေးများ၌ ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းနှင့် Mask များအခမဲ့ ဖြန့် ဝေ

Spread the love

ပူတာအိုမြို့ စည်ပင်သာယာဈေးများ၌ ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းနှင့် Mask များအခမဲ့ ဖြန့် ဝေ

EPN
ပူတာအို၊ ဇွန် ၁၃

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းကို ဇွန်(၁၃)ရက် နံနက်(၆)နာရီက ပူတာအိုမြို့ စည်ပင်သာယာဈေးများ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ က “ ကိုဗစ်-၁၉ရောဂါကာကွယ်ဖို့ လူတိုင်း Mask များတပ်ဆင်ကြစို့ “ ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြား ခြင်း၊ ဗီနိုင်းပိုစတာများပြသခြင်း ၊ လူထုဗဟိုပြုစီမံကိန်း သတင်းအချက်အလက်များ မျှဝေခြင်းနှင့်လူထုဗဟိုပြုစီ မံကိန်းမှ အခမဲ့ဖြန့်ဝေသော Mask များဖြန့်ဝေခြင်းကို စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေးနှင့်ယာယီဈေး ၊ လေယာဉ်ကွင်းဈေးနှင့် ယာယီပျံကျဈေးများတွင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ Mask ဖြန့်ဝေရာသို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဆီ ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် ၊မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင် ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများ ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများပူးပေါင်းကာ လူထုဗဟိုပြုစီမံကိန်းမှအခ မဲ့ဖြန့်ဝေသည့် Mask (၁၀၀၀)အား စတင်အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ ဆေးရုံဆေးခန်းများ၊ လူအသွား အလာများသောနေရာများနှင့် လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများ အရောက်ကွင်းဆင်းဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။