Trending Now

မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ၂၆ တန်ကျော် ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ၂၆ တန်ကျော် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၂၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် ထိန်းချုပ်ဓာတုပစ္စည်းများ ၂၆ တန်ကျော်ကို မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သန်းစိုးအောင် (ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး (ခ)ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒဿမ ၂၅ တန် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။