Trending Now

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ တစ်လကြာဆက်လက်လုပ်ဆောင်မယ်

Spread the love

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ တစ်လကြာဆက်လက်လုပ်ဆောင်မယ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၈

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးမှာ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

အဲဒီလေ့ကျင့်မှုတွေကို အဓိကအားဖြင့် မြေပြင်ကို တိုက်ခိုက်တဲ့ အသွင်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဝေဟင်ကနေ တာဝေးပစ်တိုက်ခိုက်နိုင်မှုစွမ်းရည်ကို စမ်းသပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ စစ်ဌာနချုပ်က ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့အပတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့အပေါ် တုံ့ပြန်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

အရှေ့တရုတ်ပင်လယ်ကို တာဝန်ယူထားတဲ့ တရုတ်စစ်တပ်ရဲ့ အရှေ့စစ်မျက်နှာ ဌာနချုပ်ဟာ အစီအစဉ်အရ ပူးပေါင်း တိုက်ခိုက်ရေးလေ့ကျင့်မှုတွေကို ၁ လအကြာထိ ထပ်မံလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်အထိ ပင်လယ်ဝါ ဇုန်ငါးခုမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရုတ် ဘေးကင်းရေး စီမံခန့်ခွဲရေးက စနေနေ့မှာ ကြေညာခဲ့ပါတယ်။

အလားတူ တစ်လကြာ စစ်ဆင်ရေးပြုလုပ်မယ့် ဘိုဟိုင်းပင်လယ်ရှိ နောက်ထပ်ဇုန် လေးခုအပြင် အတိအကျမဖော်ပြထားတဲ့ စစ်ဆင်ရေးတွေလုပ်ဆောင်သွားမယ်လို့တနင်္လာနေ့က ကြေညာထားပါသေးတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ နောက်ဆုံးရေလက်ကြားဖြတ်ကျော်အကျပ်အတည်းနောက်ပိုင်း ထိုင်ဝမ်အနီးတစ်ဝိုက်မှာ ဘေဂျင်းက အကြီးမားဆုံးသော အင်အားပြသမှုဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ လူဦးရေ ၂၃ သန်းရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီကို စိန်ခေါ်တဲ့ “ရန်စသူတွေ” လို့ ထိုင်ဝမ်ဘက်က ရှု့မြင်ထားပါတယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ထိုင်ဝမ်အပေါ် နောက်ထပ်ဖိအားပေးဖို့ ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိတယ်ဆိုပြီး စိုးရိမ်မှုတွေလဲ မြင့်မားလာနေပါတယ်။

source – NHK/TWP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။