Trending Now

အမေရိကန်နိုင်ငံမှာ လူပေါင်း ၉၈ ဦးသေဆုံးခဲ့တဲ့ အဆောက်အဦးပြိုကျမှုအတွက် ဒေါ်လာ ၁ ဘီလီယံနီးပါး နစ်နာကြေးပေးဆောင်ရန် တရားသူကြီးအမိန့်ချ

Spread the love

အမေရိကန်နိုင်ငံမှာ လူပေါင်း ၉၈ ဦးသေဆုံးခဲ့တဲ့ အဆောက်အဦးပြိုကျမှုအတွက် ဒေါ်လာ ၁ ဘီလီယံနီးပါး နစ်နာကြေးပေးဆောင်ရန် တရားသူကြီးအမိန့်ချ

EPN
နိုင်ငံတကာ၊ မေ ၁၁

အမေရိကန်နိုင်ငံအတွင်း လူပေါင်း ၉၈ ဦးသေဆုံးခဲ့တဲ့ မီယာမီကမ်းခြေဧရိယာရှိ ကွန်ဒိုအဆောက်အအုံပြိုကျမှုအတွက် ဒေါ်လာ ၁ ဘီလျံနီးပါး နစ်နာကြေပေးဆောင်ရန် ဖလော်ရီဒါပြည်နယ် တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။

မိုင်ယာမီကမ်းခြေ Champlain Towers South ကွန်ဒိုမီနီယံ ပြိုကျမှုအတွက် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ကျင်ပခဲ့တဲ့ တရားခွင်မှာ ဒေါ်လာ ၉၉၇ သန်းနဲ့ ပြေလည်မှုရသွားပြီဖြစ်ကြောင်း ရှေ့နေတွေက ကြေညာခဲ့တာပါ။

အဲ့ဒီ ၁၂ ထပ် ကွန်ဒိုမီနီယံဟာ ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ပြိုကျခဲ့တာဖြစ်ပြီး အခန်းပေါင်း ၁၃၆ ခန်းရှိတဲ့အနက် ၅၅ ခန်း ပျက်စီးဆုံးရှုံးကာ လူပေါင်း ၉၈ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဆောက်အဦး ပြိုကျမှုအတွက် ကွန်ဒိုမီနီယံပိုင်ရှင်အပါအဝင် အာမခံပိုင်ရှင် နဲ့ အဆောက်အဦးကို တာဝန်ယူဆောက်လုပ်ခဲ့တဲ့ လူတွေကို အဏာပိုင်တွေက တရားစွဲဆိုခဲ့တာပါ။

ပြိုကျမှုကြောင့် သေဆုံးသူတွေဟာ ကလေးသူငယ်တွေကနေ သက်ကြီးရွယ်အိုစုံတွဲများအထိ ပါဝင်ပြီး မိသားစုလိုက် နှစ်ရှည်လများ နေထိုင်သူတွေနဲ့ အဆောက်အအုံအတွင်း တည်းခိုနေတဲ့ ခရီးသွားတွေပါဝင်ပါတယ်။

Champlain Condominium Towers South ကို ၁၉၈၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ပြီးစီးပြီ နှစ် ၄၀ အကြာမှာ ပြိုကျမှုဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာ အဏာပိုင်တွေက ဆောက်လုပ်ဆဲ စီးပွားရေးအဆောက်အအုံတွေနဲ့ လူနေအိမ်အဆောက် အအုံတွေကို ခရိုင်ကြီးကြပ်မှုနဲ့ စစ်ဆေးတာတွေလုပ်ဆောင်နေပြီး သက်တမ်း အနှစ် ၄၀ နီးကပ်လာနေတဲ့ အဆောက်အအုံ ၅၀၀ ကျော်ကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။