Trending Now

စစ်ကိုင်းမြို့နယ်မှာ ကျောင်းဆရာမ ၂ ဦး အပါအဝင် လူ ၂၀ ကျော် ပျောက်ဆုံးနေ

Spread the love

စစ်ကိုင်းမြို့နယ်မှာ ကျောင်းဆရာမ ၂ ဦး အပါအဝင် လူ ၂၀ ကျော် ပျောက်ဆုံးနေ

EPN

စစ်ကိုင်း ၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အောင်စည်ပင်ကျေးရွာ အနီး တောလမ်းမှာ မနေ့ ဇူလိုင် ၂၆ ရက် ၊ နေ့လည်ပိုင်းက မန္တလေးမြို့ဘက်ကနေ ပြန်လာတဲ့ လူ ၂၀ ကျော်နဲ့ ကား ၁ စီး ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

.” မနေ့က နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်မှာ ၊ ကားနဲ့ လူတွေ ပျောက်ဆုံးသွားတာပါ ၊ ကားက ကြွယ်ပုံကျေးရွာက ကိုအောင်ဇော်ဦး မောင်းနှင်လာတဲ့ လိုက်ထရပ်ကား ဖြစ်တယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပျောက်ဆုံးကားပေါ်မှာ ပညာရေး ဝန်ထမ်း ကျောင်းဆရာမ ၂ ဦး အပါအဝင် ကြွယ်ပုံရွာက ဒေသခံ လူ ၂၀ ကျော် လိုက်ပါလာတာလို့ သိရပါတယ်။

” အောင်စည်ပင်ရွာနားက တောလမ်းနေရာအရောက်မှာ အမည်မသိ လက်နက်ကိုင်သူတွေက အဲ့ဒီ ကားကို စင်းလုံးထိုး ဖမ်းခေါ်သွားတာ ” လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒါကြောင့် ပျောက်ဆုံးကားပေါ်မှာ လိုက်ပါသွားတဲ့ မိသားစုတွေက စစ်ကိုင်းမြို့နယ် လုံခြုံရေး အဖွဲ့ဆီ ဆက်သွယ်အကူညီတောင်းခံတာကြောင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ဟာ ပျောက်ဆုံးကားနဲ့ လူတွေ ပြန်လည်ရရှိဖို့ အတွက် နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။