Trending Now

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် လက်ခံခြင်းအပေါ် ပြန်လည်ရုပ်သိမ်းကြောင်း KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အကြောင်းပြန်

Spread the love

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် လက်ခံခြင်းအပေါ် ပြန်လည်ရုပ်သိမ်းကြောင်း KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အကြောင်းပြန်

EPN
မြစ်ကြီးနား ၊စက်တင်ဘာ ၂

အပစ်ရပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် လက်ခံခြင်းအပေါ် ပြန်လည်ရုပ်သိမ်းကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာအဖွဲ့သို့ ပြန်လည်အကြောင်းပြန်လိုက်ကြောင်း သိရသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းက နာယက အဖြစ် တာဝန်ယူရန် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင် ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် နာယကအဖြစ် တာဝန်ယူရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုသို့ သဘောတူထားသော်လည်း သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်သည့် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် တာဝန်မယူသင့်ကြောင့် ဆုံးဖြတ်ခဲ့သည့်အတွက် အဖွဲ့အစည်း၏ “မူ”လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှု ပြုလုပ်ရန် ရည်ရွယ်၍ နာယက အဖြစ် သဘောတူထားသည့် ပေးစာအား ပြန်လည်ရုတ်သိမ်းကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းသို့ အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။