Trending Now

ကရင်ပြည်နယ် ၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်များ လုယက်ခံရ

Spread the love

ကရင်ပြည်နယ် ၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်များ လုယက်ခံရ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၂

ကရင်ပြည်နယ် ၊ လှိုင်ဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်များကို အကြမ်းဖက်သမားများက သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက လာရောက် လုယက်သွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်သမား ၈ ဦးသည် သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် လှိုင်ဘွဲ့မြို့နယ် ၊ ရွှေဂွန်းကျေးရွာမြို့မရပ်ကွက်ရှိ လက်ပံတန်းကူးတို့ ဆပ်သို့ စက်လှေ ၂ စီးဖြင့်ရောက်ရှိလာပြီးနောက် အကြမ်းဖက်သမား တစ်ဦးသည် ကူးတို့ဆိပ်တွင် စောင့်နေရစ်ကာ ကျန် ၇ ဦးမှ မြို့မရပ်ကွက်အတွင်းသို့ သေနတ်များ ပစ်ဖောက် ဝင်ရောက်လာပြီး ကူးတို့ဆိပ်အနီးတွင် ဖွင့်လှစ်ထားသည့် ဦးအောင်သန်းထွန်း ပိုင်ဆိုင်သည့် ”သရဖူ” အာမခံရတနာရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ခင်းကျင်းထားသည့် မှန်ကောင်တာ ၂ ခုနှင့် ဦးဝေသန့်ဇင် ပိုင်ဆိုင်သည့် ” ထွန်း” ရတနာရွှေဆိုင်မှ မှန်ကောင်တာ ၃ ခုတို့အား အကြမ်းဖက်သမားများက သေနတ်ဒင်များဖြင့် ရိုတ်ခွဲဖျက်ဆီးကာ ရွှေထည်များကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် ရွှေထည်များမှာ ” သရဖူ ” အာမခံ ရတနာရွှေဆိုင် မှ ရွှေလက်စွပ် ၁၀၀ ကွင်း ၊ ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေဆံညှပ် ၄ ခု ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၀၀ ခန့်နှင့် ” ထွန်း” ရတနာ ရွှေဆိုင်မှ ရွှေနာကပ် ၁၀ ရံ ခန်းမှန်းတန်ဖိုးငွေကျပ်သိန်း ၂၀ ခန့် ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် ရွှေဆိုင်မှ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၆၂၀ခန်းအား လုယက် ယူဆောင်သွားပြီးနောက် လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့် ပြန်လည် ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။