Trending Now

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ကျောင်းဆရာမတစ်ဦး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရ

Spread the love

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ကျောင်းဆရာမတစ်ဦး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရ

EPN
ရေကြည် ၊ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဒယ်ကုန်းကျေးရွာအုပ်စုတွင် အလယ်တန်းပြကျောင်းဆရာ မ ၁ ဦးစီးလာသည့် ဆိုင်ကယ်အား မျက်နှာဖုံး စွပ်ထားသည့် အမျိုးသား ၂ ဦးမှ ရပ်ခိုင်းကာ ဓားထောက် လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဆရာမ ဒေါ်ကြည်ကြည်နိုင်မှ ယာဉ်အမှတ် 50w/ 53775 Honda Blade 110 အမျိုးအစား ဆိုင်ကယ်ဖြင့် ယမန်နေ့ မနက်ပိုင်းက အ-လ-ကကညင်ဂွ ကျောင်းသို့ မောင်းနှင်လာစဉ် ဒယ်ကုန်းကျေးရွာ ရထားသံလမ်း ကုန်းတံတားအနီး အရောက်တွင်မျက်နှာဖုံးစွပ် ထားသည့် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ် ရှေ့တွင် ပိတ်ရပ်ကာ ခဏနေပါဦးဟုပြောဆိုကာ ဆရာမဒေါ်ကြည်ကြည်နိုင်၏ ဝဲဘက်လက် ကောက်ဝတ်အား ဆွဲလိမ်ပြီးနောက် အသင့်ပါလာသည့် ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ထားသည့် လက်ဆွဲခြင်းထဲမှ J-7 Samsung အမျိုးအစား ရွှေအိုးရောင် လက်ကိုင် ဖုန်းနှင့် ပိုက်ဆံအချို့ယူဆောင်ပြီးနောက် ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”မနေ့ မနက်က ဖြစ်တာပါ ၊ အမည်မသိမျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား နှစ်ဦးက လမ်းမှာအသင့်စောင့်နေပြီး အလယ်တန်းပြဆရာမ စီးလာတဲ့ ဆိုင်ကယ်နဲ့ ဖုန်း လက်ဆွဲခြင်းထဲကပိုက်ဆံအချို့ကို လုယက်ယူဆောင်သွားတာပါ ၊ ပတ်ဝန်ကျင်ကိုအော်ပြီး အကူ အညီတောင်းရင် ဓားနဲ့ထိုးမယ်လို့ ခြိမ်းခြောက်ပြောဆိုတော့ ကြောက်ပြီး အကူအညီမတောင်းရဲဖြစ်ခဲ့ရတာ ၊အခုဖြစ် ဖြစ်ပွားတဲ့နေရာက လူရှင်းတဲ့နေရာလည်းဖြစ်တယ် ၊ တရားခံအမြန်ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးခြင်း လိုက်လံရှာဖွေ စုံစမ်းလျှက်ရှိပါတယ် ။”ဟုရေကြည်မြို့မရဲစခန်းမှတာဝန်ကျရဲအရာရှိ တစ်ဦးကပြောသည်။

လုယက်ခံရသူမှာ (အ-လ-က ကညင်ဂွ)စာသင်ကျောင်း မှအလယ်တန်းပြ ဆရာမတစ်ဦးဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက် ၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေသား အချို့အား လုယူသွားသည့် အမည်မသိအမျိုးသား ၂ ဦးကို ရေကြည်မြို့မရဲ စခန်းမှ (ပ) ၃၀/၂၀၂၂ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။