Trending Now

ဖားကန့် နမ့်မှော်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

ဖားကန့် နမ့်မှော်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN

ဖားကန့် ၊ဧပြီ ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိတ်မူအုပ်စု၊ နမ့်မှော်ကျေးရွာ ရပ်ကွက်(၃)နေ အမျိုးသားတစ်ဦး ကုန်စုံဆိုင်မှ ဈေးရောင်း ပြန်လာရာ လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်စုမှ တားဆီး၍ သေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း အနီးရှိ ဒေသခံများထံမှ သိရသည်။

အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် အမျိုးသားမှာ နမ့်မှော်ကျေးရွာ ရပ်ကွက်(၃)တွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသည့် ကိုထွန်းထွန်းဆိုသူဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်ခံရသည်ကို မသိရကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက အသတ်ခံရတဲ့သူက ဈေးပဲရောင်းတာပါ ည၈နာရီအချိန်လောက် ဆိုင်းတောင်ဘက်မှာ ကုန်ပစ္စည်းသွားယူပြီးအပြန် လမ်းမှာအသတ်ခံရတာ ရင်ဘက်မှာ သေနက်ဒဏ်ရာ ၅ချက် မှန်ပြီး နေရာမှာပဲ သေဆုံးခဲ့တာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

သေနက်ဒဏ်ရာဖြင့် သေဆုံးသွားသည့် ကိုထွန်းထွန်းရုပ်အလောင်းအား နမ့်မှော် ပရဟိတလူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိနယ်မြေခံရဲများ မှ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း နိင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးသည့်နောက်ပိုင်း နေ့စဉ်ဆန္ဒပြမှုများနှင့် သေနတ်ဖြင့် ပစ်သတ်မှုများ မိုင်းပေါက်ကွဲမှုများ မကြားခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။