Trending Now

မော်ဟန်ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

Spread the love

မော်ဟန်ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

EPN
မော်ဟန်၊ မေ ၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာနှင့်ဘူတာစုရပ်ကွက်နတ်ကြီးကုန်း ရပ်ကွက်တို့တွင် မေလ (၆)ရက် နံနက်(၇)နာရီ အချိန်မှ နေ့လယ်(၁၂)နာရီအချိန်ထိ သွေးလွန်တုပ်ကွေးရောဂါ
ကြိုတင်ကာကွယ်တားဆီးရေးအတွက် မော်ဟန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်စန်းအေး နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာ အုပ်စု စာရေး ဦးစိုင်းသူရိန်ထွန်းနှင့်အဖွဲ့ဝင်များ၊‌ မော်ဟန်ကျေးရွာ ကြက်ခြေနီ တပ်ခွဲမှူးဦးဟန်ထွေးနှင့်အဖွဲ့၊ ဒေသအရန်မီးသတ် တပ်ခွဲမှူး ဦးခင်မောင်ကျော်နှင့်အဖွဲ့၊ မော်ဟန်ကျေးရွာနှင့် ဘူတာစုရပ်ကွက်လှပျိုဖြူ များ စုစုပေါင်းအင်အား(၅၀)ဦး ကျော်ပါဝင်‌သော စုပေါင်းအဖွဲ့တို့သည် အဘိတ် ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။