Trending Now

ျမစ္ႀကီးနားၿမိဳ႕တြင္ ေရႊဘိုေဘးက်ား (ေခၚ) ေပၚဆန္းေမႊးဆန္ေစ်း သိသိသာသာ ျမင့္တက္

Spread the love

ျမစ္ႀကီးနားၿမိဳ႕တြင္ ေရႊဘိုေဘးက်ား (ေခၚ)  ေပၚဆန္းေမႊးဆန္ေစ်း သိသိသာသာ ျမင့္တက္ 
EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၉
ျမစ္ႀကီးနားၿမိဳ႕တြင္ ေရႊဘိုေဘးက်ား(ေခၚ) ေပၚဆန္းေမႊး ဆန္းေစ်း ယခုလပိုင္းအတြင္း သိသိသာသာ ျမင့္တက္လ်က္ရွိၿပီး အျခားဆန္ေစ်းႏႈန္းမ်ားလည္း အနည္းငယ္ျမင့္တက္ေနေၾကာင္း ျမစ္ႀကီးနားရွိ ဆန္ကုန္သည္မ်ားထံမွသိ ရသည္။ 
ယခုကဲ႔သို႔ ေစ်းျမင့္တက္လာရျခင္းမွာ ရန္ကုန္ဆန္ကုန္သည္ႀကီးမ်ားမွ export လက္ဆြဲသည့္အတြက္ ျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕တြင္ေရာင္းခ်ေနသည့္ ဆန္ကုန္သည္ ဦးထြန္းထြန္း က ေျပာသည္။
“ဒီရက္ပိုင္းမွာ ေရႊဘိုဘက္ကလာတဲ့ ေပၚဆန္းေမႊးေပါ့ အဲ့ဒါကေတာ့ တစ္အိတ္ကို ၅၀၀၀ /၆၀၀၀ ေလာက္ထိတက္သြားတယ္ ရန္ကုန္ export လက္ဆြဲတဲ့အတြက္ ေရႊဘို မွာ ေစ်းတက္ေတာ့ ဒီမွာ လည္း တက္တာေပါ႕” ဟု ၎ကေျပာသည္။

ယခုရာသီသည္ ေပၚဆန္းဆန္ေစ်း တက္ေနက်ျဖစ္ေသာ္လည္း ဒီႏွစ္မွာေတာ့ သိသိသာသာ တက္သြားေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ရွိ ေကာင္းလိုက္ ဆန္ေရာင္းဝယ္ေရးမွ ေဒၚသိမ့္သိမ့္သူ ကေျပာသည္။
“ ဒီရာသီကေတာ့ ပံုမွန္ ေစ်းတက္ေနၾကပါ အရင္ႏွစ္ေတြကေတာ့ တစ္လလံုးေနမွ ၂၀၀၀/၃၀၀၀ ေလာက္ဘဲတက္တာ ဒီနွစ္က တစ္အိတ္ကို ၆၀၀၀/၇၀၀၀ ေလာက္ထိကိုတက္သြားတာ ဆန္အသစ္လည္း ေပၚေတာ့မွာဆိုေတာ့ တစ္ခ်ိဳ႕ အေဟာင္း ႀကိဳက္တဲ့သူေတြက ေစ်းေပးၿပီးဝယ္ေနၾကေတာ့ ေစ်းက အရမ္းကိုတက္ေနတာ”ဟု၎ကေျပာသည္။
ျမစ္ႀကီးၿမိဳ႕တြင္ ေရႊဘို၊ မႏၱေလး၊ ေျမာင္းျမ စသည့္ေဒသမ်ားမွ ထြက္သည့္ ေပၚဆန္းဆန္ေမႊးကို တင္သြင္း ေရာင္းခ်ေနၾကေသာ္လည္း ေရႊဘိုေဘးက်ား(ေခၚ) ေပၚဆန္းေမႊး ဆန္မွာ အရည္အေသြးေကာင္းသည့္အတြက္ လူႀကိဳက္မ်ားေလ့ရွိေၾကာင္း ဆန္ကုန္သည္မ်ားထံမွ သိရသည္။
ယခင္လက ေပၚဆန္းေမႊးဆန္ တစ္ျပည္လွ်င္ ၂၁၀၀ က်ပ္ျဖင့္ေရာင္းခ်ခဲ့ရာမွ ယခုအခ်ိန္တြင္ ၂၅၀၀က်ပ္ ထိ ေစ်းျမင့္တက္ေရာင္းခ်ေနရၿပီး တစ္အိတ္လွ်င္ ယခင္လက ၅၁၀၀၀ ေရာင္းခ်ခဲ့ရာမွ ယခုအခ်ိန္တြင္ ၅၇၀၀၀/၅၈၀၀၀ ေရာင္းခ်ေနေၾကာင္း သိရသည္။
အလားတူ ေမွာ္ဘီဆန္တစ္အိတ္လွ်င္ ၂၉၀၀၀ မွ ၃၀၀၀၀ ၊ ပေဒသာတစ္အိတ္လွ်င္ ၄၃၀၀၀ မွ ၄၇၀၀၀၊ ဧရာမင္းတစ္အိတ္လွ်င္ ၄၅၀၀၀ မွ ၄၇၀၀၀ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
သြယ္သြယ္
——————————————————————–

 မြစ်ကြီးနားမြို့တွင် ရွှေဘိုဘေးကျား (ခေါ်)  ပေါ်ဆန်းမွှေးဆန်ဈေး သိသိသာသာ မြင့်တက်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉

မြစ်ကြီးနားမြို့တွင် ရွှေဘိုဘေးကျား(ခေါ်) ပေါ်ဆန်းမွှေး ဆန်းဈေး ယခုလပိုင်းအတွင်း သိသိသာသာ မြင့်တက်လျက်ရှိပြီး အခြားဆန်ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်နေကြောင်း မြစ်ကြီးနားရှိ ဆန်ကုန်သည်များထံမှသိ ရသည်။

ယခုကဲ့သို့ ဈေးမြင့်တက်လာရခြင်းမှာ ရန်ကုန်ဆန်ကုန်သည်ကြီးများမှ export လက်ဆွဲသည့်အတွက် ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင်ရောင်းချနေသည့် ဆန်ကုန်သည် ဦးထွန်းထွန်း က ပြောသည်။

“ဒီရက်ပိုင်းမှာ ရွှေဘိုဘက်ကလာတဲ့ ပေါ်ဆန်းမွှေးပေါ့ အဲ့ဒါကတော့ တစ်အိတ်ကို ၅၀၀၀ /၆၀၀၀ လောက်ထိတက်သွားတယ် ရန်ကုန် export လက်ဆွဲတဲ့အတွက် ရွှေဘို မှာ ဈေးတက်တော့ ဒီမှာ လည်း တက်တာပေါ့” ဟု ၎င်းကပြောသည်။

ယခုရာသီသည် ပေါ်ဆန်းဆန်ဈေး တက်နေကျဖြစ်သော်လည်း ဒီနှစ်မှာတော့ သိသိသာသာ တက်သွားကြောင်း မြစ်ကြီးနားမြို့ရှိ ကောင်းလိုက် ဆန်ရောင်းဝယ်ရေးမှ ဒေါ်သိမ့်သိမ့်သူ ကပြောသည်။

“ ဒီရာသီကတော့ ပုံမှန် ဈေးတက်နေကြပါ အရင်နှစ်တွေကတော့ တစ်လလုံးနေမှ ၂၀၀၀/၃၀၀၀ လောက်ဘဲတက်တာ ဒီနှစ်က တစ်အိတ်ကို ၆၀၀၀/၇၀၀၀ လောက်ထိကိုတက်သွားတာ ဆန်အသစ်လည်း ပေါ်တော့မှာဆိုတော့ တစ်ချို့ အဟောင်း ကြိုက်တဲ့သူတွေက ဈေးပေးပြီးဝယ်နေကြတော့ ဈေးက အရမ်းကိုတက်နေတာ”ဟု၎င်းကပြောသည်။

မြစ်ကြီးမြို့တွင် ရွှေဘို၊ မန္တလေး၊ မြောင်းမြ စသည့်ဒေသများမှ ထွက်သည့် ပေါ်ဆန်းဆန်မွှေးကို တင်သွင်း ရောင်းချနေကြသော်လည်း ရွှေဘိုဘေးကျား(ခေါ်) ပေါ်ဆန်းမွှေး ဆန်မှာ အရည်အသွေးကောင်းသည့်အတွက် လူကြိုက်များလေ့ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ယခင်လက ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် ၂၁၀၀ ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုအချိန်တွင် ၂၅၀၀ကျပ် ထိ ဈေးမြင့်တက်ရောင်းချနေရပြီး တစ်အိတ်လျှင် ယခင်လက ၅၁၀၀၀ ရောင်းချခဲ့ရာမှ ယခုအချိန်တွင် ၅၇၀၀၀/၅၈၀၀၀ ရောင်းချနေကြောင်း သိရသည်။

အလားတူ မှော်ဘီဆန်တစ်အိတ်လျှင် ၂၉၀၀၀ မှ ၃၀၀၀၀ ၊ ပဒေသာတစ်အိတ်လျှင် ၄၃၀၀၀ မှ ၄၇၀၀၀၊ ဧရာမင်းတစ်အိတ်လျှင် ၄၅၀၀၀ မှ ၄၇၀၀၀ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သွယ်သွယ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။