Trending Now
Spread the love
EPN
မိုးကောင်း၊ဧပြီ
ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းရှိ  လေးမိုင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊နှောင်းပုံကျေးရွာများတွင် တရားမ၀င်လုပ်ကိုင်ဆောင်ရွက်နေကြသည့် သစ်ခွဲစက်များကို ဧပြီ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းမိုးကောင်းမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ကချင်ပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး၊ဦးခင်မောင်ဦး ဦးစီးပြီး မြို့နယ်သစ်တောဦးစီးအရာရှိဦးဇော်ဝင်းအောင်၊မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ရဲအုပ်ခင်မောင်ထွေးနှင့်သစ်တောအဖွဲ့မှဝင်ရောက်ရှင်းလင်းရာ တရားမ၀င်လုပ်ကိုင်ဆောင်ရွက်နေသော သစ်ခွဲစက်()စက်မှ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများသစ်လုံး(၉၃)လုံးနှင့် ဆိုဒ်စုံသစ်ခွဲသား(၉၃၁)ချောင်း စုစုပေါင်း(၆၈.၀၀၈)တန်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်အတွင်း တရားဝင်လုပ်ကိုင်ခွင့် ပြုထားသည့် သစ်ခွဲစက်များမှာ မိုးကောင်းမြို့တွင်()စက်နှင့် နမ္မတီးမြို့တွင်()စက်သာ ရှိကြောင်းမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ချိုမောင
————————————————-
မိုးကောင်းမြို့နယ်အတွင်း တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် သစ်ခွဲစက်များနှင့် သစ်များ ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ ဧပြီ ၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ  လေးမိုင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ နှောင်းပုံကျေးရွာများတွင် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် သစ်ခွဲစက်များကို ဧပြီ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ကချင်ပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး၊ ဦးခင်မောင်ဦး ဦးစီးပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇော်ဝင်းအောင်၊ မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်ခင်မောင်ထွေးနှင့် သစ်တောအဖွဲ့မှ ဝင်ရောက် ရှင်းလင်းရာ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသော သစ်ခွဲစက်(၅)စက်မှ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ သစ်လုံး(၉၃)လုံးနှင့် ဆိုဒ်စုံ သစ်ခွဲသား(၉၃၁)ချောင်း စုစုပေါင်း(၆၈.၀၀၈)တန်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆိုဒ်စုံသစ်ခွဲသားတွေကို
(၈)မိုင် သစ်တောပျိုးဥယျာဉ်ကို သယ်ယူရွှေ့ပြောင်းထားပါတယ်။ သစ်လုံးတွေကိုတော့ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေထံမှာအပ်နှံထားပြီး (၈)မိုင်သစ်တောပျိုးဥယျာဉ်သို့ သယ်ယူရွှေ့ပြောင်းသွားမှာပါ”ဟု မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇော်ဝင်းအောင်က ပြောသည်။
မိုးကောင်းမြို့နယ်အတွင်း တရားဝင်လုပ်ကိုင်ခွင့် ပြုထားသည့် သစ်ခွဲစက်များမှာ မိုးကောင်းမြို့တွင် (၅)စက်နှင့် နမ္မတီးမြို့တွင်(၃)စက်သာ ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ချိုမောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။