Trending Now

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းရွာနေသူ ‌ေလာပန်းတစ်ဦး ဓါးပြတိုက်ခံရ၍ တန်ဖိုးကြီး ကျောက်စိမ်းနှင့် ရွှေထည်များပါသွား

Spread the love

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းရွာနေသူ ‌ေလာပန်းတစ်ဦး ဓါးပြတိုက်ခံရ၍ တန်ဖိုးကြီး ကျောက်စိမ်းနှင့် ရွှေထည်များပါသွား

EPN
ဖားကန့်၊ မေ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရွာနေသူ ‌ေလာပန်းတစ်ဦး နေအိမ်တွင် ယမန်နေ့ ညပိုင်းက ဓါးပြတိုက်ခံရ၍ တန်ဖိုးကြီး ကျောက်စိမ်းနှင့် ရွှေထည်များပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရွာနေသူ ကျောက်လောပန်း တစ်ဦး၏ နေအိမ်အား အမျိုးသား ခြောက်ဦးခန့်မှ ဓါးပြဝင်ရောက် တိုက်သွားခြင်းကြောင့် တန်းဖိုးရှိ ကျောက်စိမ်းတုံး၊ ရွှေချောင်းများနှင့် မော်ဒယ်မြင့်ကားများ ပါသွားကြောင်း ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

” မနေ့က ညပိုင်း ရှမ်းကုန်းဘက္မှာ ဓါးပြတိုက်္မှု ဖြစ်သွားတာ ဟုတ်တယ်။ တရုတ်လောပန်း အိမ်မှာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းတုံးရယ်၊ ရွှေချောင်းတွေရယ် ပြီးတော့ ကားနှစ်စီးလည်း ပါသွားတယ် ကြားတယ် ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းရွာနေသူ ကျောက်သူဌေး၏ အိမ်ကို မေလ ၂၈ရက် ‌ည ၉နာရီခန့်တွင် လူ ၆ ဦးက ဓားပြဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ အဖွဲ့အစည်းများကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖားကန့် မြို့နယ်အတွင်း၌ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဓါးပြတိုက်္မှု၊ လုယက်မှု ၊ လူသတ်မှုများ သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းနှင့် ယခုနှစ်ပိုင်းတို့တွင် မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။