Trending Now

မြစ်ကြီးနားတက္ကသိုလ်တွင် Quarantine ဝင်နေသည့် ပြည်တော်ပြန်တစ်ဦးထွက်ပြေး ဟူသည့် သတင်းသည် မှားယွင်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးပြော

Spread the love

မြစ်ကြီးနားတက္ကသိုလ်တွင် Quarantine ဝင်နေသည့် ပြည်တော်ပြန်တစ်ဦးထွက်ပြေး ဟူသည့် သတင်းသည် မှားယွင်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးပြော

 

EPN
မြစ်ကြီးနား၊ မေ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် ခါကာဘိုရာဇီ အမျိုးသားအဆောင်တွင် Facility Quarantine ခံယူနေသည့် ပြည်တော်ပြန်အမျိုးသား တစ်ဦးသည် ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းက ထွက်ပြေး သွားကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖေါ်ပြချက်များသည် မှန်ကန်မှုမရှိကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

”အဲ့တာထွက်ပြေးတာမဟုတ်ဘူး။ ငါတို့ကအဲ့တာကိုထွက်ပြေးတာအောက်မေ့လို့ အခုပြန် ရောက်လာပြီ။ ငါတို့ကပျောက် သွားတော့ထွက်ပြေးတယ်ထင်တာပေါ့ကွာ။ အခုပြန်ရောက်လာပြီ။”ဟု ဦးသန်းဝင်းက ရှင်းပြသည်။

ဖြစ်စဉ်အမှန်မှာ ယင်းအမျိုးသားသည် သက်ဆိုင်ရာတာဝန်ရှိသူများထံ၌ အသိပေးအကြောင်းကြားခြင်း မရှိသည့်အပြင် မည်သူတစ်ဦးတယောက်ကိုမျှအသိမပေးဘဲ ၎င်း၏မိသားစုကို သတိရသည်ဟုဆိုကာ ခေတ္တပြန်သွားခြင်းသာဖြစ်ပြီး Facility Quarantine သို့ နာရီပိုင်းအတွင်း ပြန်လည် ရောက်ရှိလာခဲ့ ကြောင်း၊ ယင်းအမျိုးသားကို နောက်နှောင် ယခုကဲ့သို့ မလုပ်ဆောင်ရန် ဝန်ခံကတိ လက်မှတ်ရေးထိုး စေ၍ ပြန်လည်လက်ခံထားကြောင်း ဦးသန်းဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

ထိုအမျိုးသားသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး စီတာပူရပ်ကွက်နေသူ ထိုင်သူဖြစ်ကြောင်း၊ တရုတ်ပြည် ရွှေလီမြို့မှ ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း သိရသည်။

မေလ ၉ ရက်နေ့ကလည်း မြစ်ကြီးနားတက္ကသိုလ် Facility Quarantine Center မှ အမျိုးသား တစ်ဦးသည် ထွက်ပြေးတိမ်းရှောင်သွားသည့်သတင်းမှာ မှန်ကန်ကြောင်း၊ ၎င်းထွက်ပြေးသွားသူကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်
ပုံ။ မြစ်ကြီးနားတက္ကသိုလ်ရှိ Quarantine ဝင် နေသူများကို မြင်တွေ့ရစဉ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။