Trending Now

အရှေ့နဲ့ အနောက် တင်းမာမှုတွေကြားက တရုတ်သမ္မတ ရုရှားနိုင်ငံကို သွားရောက်မယ်

Spread the love

အရှေ့နဲ့ အနောက် တင်းမာမှုတွေကြားက တရုတ်သမ္မတ ရုရှားနိုင်ငံကို သွားရောက်မယ်

EPN
နိုင်ငံတကာ၊ မတ် ၁၈

တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားသမ္မတ ဗလာဒီမှာ ပူတင်ကို ထောက်ခံကြောင်းပြသဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။

အရှေ့နဲ့အနောက်ကြား တင်းမာမှုတွေ ကြီးထွားလာနေတဲ့ကြားက တရုတ်သမ္မတ ရုရှားနိုင်ငံကို သွားရောက်ဖို့ပြင်ဆင်နေတာဟာ တရုတ်နိုင်ငံနဲ့ ရုရှားတို့ရဲ့ ကြီးထွားလာနေတဲ့ သံတမန်ရေး ရည်မှန်းချက်တွေကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရဲ့ ခရီးစဉ်အတွင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပြီး ဆွေးနွေးပွဲက အခြေအနေနဲ့ ချဉ်းကပ်မှုနည်းလမ်းသစ်တွေ ပေါ်ထွက်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားကို တရုတ်နိုင်ငံက ရှုတ်ချဖို့ ငြင်းဆိုထားပြီး ပဋိပက္ခမှာ ကြာနေပါတီအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းနေပေမယ့် ယူကရိန်းပိုင်နက်ကို သိမ်းယူဖို့ မော်စကိုရဲ့ တောင်းဆိုချက်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ မရှင်းလင်းသေးပါဘူး။

တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အနောက်နိုင်ငံ ခေါင်းဆောင်တွေက သမ္မတပူတင်ကို သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းနေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားနိုင်ငံကို လာရောက်မယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာနဲပ ဒေသဆိုင်ရာ ဘုံစိုးရိမ်မှုဆိုင်ရာ အဓိကကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးဟာ အရေးကြီးတဲ့ နှစ်နိုင်ငံ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးသွားမယ်လို့ ဆိုပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။