Trending Now

အင်ဒိုနီးရှား ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးခွဲမှုကြောင့် လူ ၂ ဦး သေဆုံး ခဲ့

Spread the love

အင်ဒိုနီးရှား ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးခွဲမှုကြောင့် လူ ၂ ဦး သေဆုံး ခဲ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၇

အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့က ရဲစခန်းတစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွလို့ သံသယရှိသူ တစ်ဦး ဒီနေ့ မနက်ပိုင်းက ဝင်ရောက်လာပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း သံသရရှိသူနဲ့ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး အရပ်သားဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ဂျာဗားရဲတပ်ဖွဲ့က ပြောရေးဆိုခွင်ရှိသူ အီဗရာဟင် က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမျိုးသားရဲတပ်ဖွဲ့ ရဲ့ ပြည်သူ့သတင်းပြန်ကြားရေးဗျူရိုအကြီးအကဲ အာမက်က ဘန်းဒေါင်း ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့ နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အလားတူတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ (JAD) က ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာရှိနေတယ်လို့ အင်ဒိုနီးရှား အကြမ်းဖက်မှု တန်ပြန်ရေး အေဂျင်စီ (BNPT) က ပြောပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ မကြာသေးမီနှစ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဘုရားကျောင်းတွေ၊ ရဲစခန်းတွေ နဲ့ နိုင်ငံခြားသားတွေ မကြာခဏလာရောက်လေ့ရှိတဲ့ နေရာတွေကို တိုက်ခိုက်မှုပြုလုပ်လာကြတယ်လို့ ဆိုပါတယ်။

စစ်သွေးကြွ နှိမ်နင်းရန် ကြိုးပမ်းမှုအနေဖြင့် အင်ဒိုနီရှားအစိုးရက JAD နဲ့ ဆက်နွယ်တဲ့ အသေခံဗုံးခွဲမှုတွေ အပြီးမှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို ဖန်တီးခဲ့ပါတယ်။

— ကိုးကား —
thedailystar
Ref; Suicide blast kills 2 in Indonesian police station

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။