Trending Now

အိန္ဒိယက လကမ္ဘာပေါ် သွားရောက်ဖို့ စီစဉ်နေ

Spread the love

အိန္ဒိယက လကမ္ဘာပေါ် သွားရောက်ဖို့ စီစဉ်နေ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၄

အိန္ဒိယနိုင်ငံရဲ့ အာကာသအေဂျင်စီ Chandrayaan-3 ဒုံးပျံကို သောကြာနေ့မှာ လွှတ်တင်ဖို့ စီစဉ်ထားပြီး တောင်းပိုင်း အင်ဒရာပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ အဓိက အာကာသစခန်းကနေ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်မှာ လွတ်တင်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်၊တရုတ်နဲ့ ယခင် ဆိုဗီယက်ယူနီယံတို့လို လကမ္ဘာပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ဖို့ ရည်မှန်းထားပြီး သြဂုတ်လ ၂၃ ရက်နေ့မှာ လကမ္ဘာပေါ်ကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ်ကလည်း Chanrdayaan-2 ဒုံးပျံနဲ့ လကမ္ဘာပေါ်ကို သွားရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆင်းသက်ဖို့ ကြိုးစားချိန်မှာ မအောင်မြင်ဘဲ ပျက်ကျသွားခဲ့ပြီးနောက် ယခုတစ်ကြိမ်ပြန်လည်ဆင်းသက်နိုင်ဖို့ စီစဉ်ထားကြောင်း သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းကလည်း ဂျပန်ကုမ္ပဏီတစ်ခုက လကမ္ဘာပေါ်ကို ဆင်းသက်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်ရှိအချိန်အထိတော့ အမေရိကန်၊တရုတ်နဲ့ ယခင် ဆိုဗီယက်ယူနီယံတို့သာ လကမ္ဘာပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။