Trending Now

(၈)ႏွစ္ခန္႕လူသူကင္းမ့ဲခ့ဲေသာ နန္ဆန္ယန္ စားေသာက္ဆိုင္မ်ားႏွင့္ ျပန္လည္စည္ကားလာ

Spread the love

(၈)ႏွစ္ခန္႕လူသူကင္းမ့ဲခ့ဲေသာ နန္ဆန္ယန္ စားေသာက္ဆိုင္မ်ားႏွင့္ ျပန္လည္စည္ကားလာ

EPN
၀ိုင္းေမာ္၊ ေမ ၁၂

ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ (၈)ႏွစ္ခန္႕ၾကာလူသူကင္းမဲ့ခဲ့ေသာ ဗန္းေမာ္-ျမစ္ႀကီးနား ကားလမ္းေဘးက နန္ဆန္ယန္ေက်းရြာသည္ စစ္ေရွာင္ျပည္သူမ်ား ျပန္လည္ေနထိုင္ခဲ့ၾကသျဖင့္ စားေသာက္ဆိုင္မ်ားႏွင့္ ျပန္လည္ စည္ကားလာခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

၂၀၁၁ခုႏွစ္၊ ဇြန္လ ၉ရက္ေန႕တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ေကအိုင္ေအလက္နက္ကိုင္အဖြဲ႕ တိုက္ပြဲျဖစ္ပြားခဲ့သျဖင့္ ကခ်င္ျပည္နယ္၊ ၀ိုင္းေမာ္ၿမိဳ႕၊ နန္႕ဆန္ယန္ေက်းရြာရွိ ျပည္သူမ်ားသည္ လူေနအိမ္အေဆာက္အဦမ်ားကို စြန္႕ပစ္၍ လြတ္ရာသို႕ တိမ္းေရွာင္ခဲ့ရၿပီး ယခုအခါ ႏိုင္ငံေတာ္ အစိုးရက ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ ျပည္တြင္းလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ညိႇႏိႈ္င္းေဆြးေႏြးလွ်က္ရွိသည္။ နယ္ေျမမ်ား ေအးခ်မ္းလာသည္ႏွင့္အမွ် စစ္ေဘးေရွာင္ ျပည္သူ အခ်ိဳ႕သည္လည္း မိမိေနရပ္သို႕ ျပန္လည္ေနထိုင္ခဲ့ေၾကာင္း ဇာတိေျမ စားေသာက္ဆိုင္ပိုင္ရွင္က ေျပာသည္။

“နယ္ေျမေအးခ်မ္းလာလို႕ စစ္ေရွာင္စခန္းအသီးသီးမွ အိမ္ေထာင္စုမ်ားက ျပန္လည္ေျပာင္းေရႊ႕ လာၾကတယ္။ နန္ဆန္ယန္ မွာ ဇာတိေျမ (Dai DawBuga)စားေသာက္ဆိုင္ (LU SHA SENG RESTAURANT)ဖြင့္တာ တစ္လေလာက္ရွိျပီ။ စားေသာက္ဆိုင္ႏွင့္အတူ တည္းခိုခန္းလည္း တဲြၿပီးဖြင့္ထားတယ္။ လူ ၁၂ ေယာက္ေက်ာ္တည္းခိုႏိုင္တယ္” ဟု ဇာတိေျမ စားေသာက္ဆိုင္ပိုင္ရွင္က ေျပာသည္။

“နန္ဆန္ယန္ဆိုင္မဖြင့္ခင္က ေဒါ့ဖုန္ယန္ေက်းရြာမွာ ထမင္းစားနားရတယ္။ အခု နန္ဆန္ယန္ ထမင္းဆိုင္ဖြင့္ေတာ့ နန္ဆန္ယန္မွာဘဲ ထမင္းစားတယ္။ တရုတ္အစားအစာ၊ ျမန္မာထမင္း၊ ေခါက္ဆြဲ၊ အေအးမ်ိဳးစုံ၊ အေဖ်ာ္ယမကာမ်ား၊ အကုန္ရတယ္ ” ဟု ဂ်ိမ္းေဖါဧရာ ကားလိုင္း ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

စစ္ေဘးေရွာင္ ျပည္သူမ်ားအား နန္ဆန္ယန္ေက်းရြာသို႕ျပန္လည္ေျပာင္းေရႊ ့ေနထိုင္နိုင္ေရးအတြက္ နိုင္ငံေတာ္အစိုးရႏွင့္ ျမန္မာ့တပ္မေတာ္ကလည္း လိုအပ္သည္မ်ားကိုကူညီေပးခ့ဲေၾကာင္း မိုင္းနား စစ္ေရွာင္စခန္းတာ၀န္ခံထံမွ သိရသည္။

“နန္ဆန္ယန္သို ့ေျပာင္းေရႊ႕ေနထိုင္ၾကရာတြင္ မိုင္းနားစစ္ေရွာင္စခန္းမွ အိမ္ေထာင္စု (၄) စု။ လူဦးေရ ၂၅ ဦး ျဖစ္တယ္။ အစိုးရ အဖဲြ ့တာဝန္ရွိသူမ်ားနဲ႕ စစ္တပ္ကပါ ကားမ်ားနဲ႕ နန္ဆန္ယန္ေက်းရြာအထိ လိုက္ပို႕ေပးၾကတယ္၊ အိမ္ေထာင္စု (၃၈)စု။ လူဦးေရ ၂၀၄ ဦး ေျပာင္းေရႊ႕ရန္က်န္ေသးတယ္”ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္းနားေက်းရြာ စိန္ဂ်ိဳးဇက္စစ္ေရွာင္စခန္း တာဝန္ခံ ဦးဂြမ္ဆိုင္းက ေျပာသည္။

ယခုအခါ နန္ဆန္ယန္ေက်းရြာသည္ စစ္ေဘးေရွာင္ျပည္သုူမ်ား ျပန္လည္ေျပာင္းေရႊလာျခင္း၊
ေစ်းဆိုင္မ်ားရွိျခင္း၊ ခရီသည္မ်ား ရပ္နားစားေသာက္ျခင္းတို ့ေၾကာင့္ ျပန္လည္စည္ကားလာ
ေျကာင္းေဒသခံမ်ားထံမွ သိရသည္။


ဗန္းေမာ္သုခမိန္

———————————————————— 

(၈)နှစ်ခန့်လူသူကင်းမဲ့ခဲ့သော နန်ဆန်ယန် စားသောက်ဆိုင်များနှင့် ပြန်လည်စည်ကားလာ

EPN
ဝိုင်းမော်၊ မေ ၁၂

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် (၈)နှစ်ခန့်ကြာလူသူကင်းမဲ့ခဲ့သော ဗန်းမော်-မြစ်ကြီးနား ကားလမ်းဘေးက နန်ဆန်ယန်ကျေးရွာသည် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ခဲ့ကြသဖြင့် စားသောက်ဆိုင်များနှင့် ပြန်လည် စည်ကားလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နန့်ဆန်ယန်ကျေးရွာရှိ ပြည်သူများသည် လူနေအိမ်အဆောက်အဦများကို စွန့်ပစ်၍ လွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး ယခုအခါ နိုင်ငံတော် အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးလျှက်ရှိသည်။ နယ်မြေများ အေးချမ်းလာသည်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူ အချို့သည်လည်း မိမိနေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြောင်း ဇာတိမြေ စားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။

“နယ်မြေအေးချမ်းလာလို့ စစ်ရှောင်စခန်းအသီးသီးမှ အိမ်ထောင်စုများက ပြန်လည်ပြောင်းရွှေ့ လာကြတယ်။ နန်ဆန်ယန် မှာ ဇာတိမြေ (Dai DawBuga)စားသောက်ဆိုင် (LU SHA SENG RESTAURANT)ဖွင့်တာ တစ်လလောက်ရှိပြီ။ စားသောက်ဆိုင်နှင့်အတူ တည်းခိုခန်းလည်း တွဲပြီးဖွင့်ထားတယ်။ လူ ၁၂ ယောက်ကျော်တည်းခိုနိုင်တယ်” ဟု ဇာတိမြေ စားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။

“နန်ဆန်ယန်ဆိုင်မဖွင့်ခင်က ဒေါ့ဖုန်ယန်ကျေးရွာမှာ ထမင်းစားနားရတယ်။ အခု နန်ဆန်ယန် ထမင်းဆိုင်ဖွင့်တော့ နန်ဆန်ယန်မှာဘဲ ထမင်းစားတယ်။ တရုတ်အစားအစာ၊ မြန်မာထမင်း၊ ခေါက်ဆွဲ၊ အအေးမျိုးစုံ၊ အဖျော်ယမကာများ၊ အကုန်ရတယ် ” ဟု ဂျိမ်းဖေါဧရာ ကားလိုင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ပြည်သူများအား နန်ဆန်ယန်ကျေးရွာသို့ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်ကလည်း လိုအပ်သည်များကိုကူညီပေးခဲ့ကြောင်း မိုင်းနား စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

“နန်ဆန်ယန်သို့ပြောင်းရွှေ့နေထိုင်ကြရာတွင် မိုင်းနားစစ်ရှောင်စခန်းမှ အိမ်ထောင်စု (၄) စု။ လူဦးရေ ၂၅ ဦး ဖြစ်တယ်။ အစိုးရ အဖွဲ့တာဝန်ရှိသူများနဲ့ စစ်တပ်ကပါ ကားများနဲ့ နန်ဆန်ယန်ကျေးရွာအထိ လိုက်ပို့ပေးကြတယ်၊ အိမ်ထောင်စု (၃၈)စု။ လူဦးရေ ၂၀၄ ဦး ပြောင်းရွှေ့ရန်ကျန်သေးတယ်”ဟု ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန်ဂျိုးဇက်စစ်ရှောင်စခန်း တာဝန်ခံ ဦးဂွမ်ဆိုင်းက ပြောသည်။

ယခုအခါ နန်ဆန်ယန်ကျေးရွာသည် စစ်ဘေးရှောင်ပြည်သုူများ ပြန်လည်ပြောင်းရွှေလာခြင်း၊
ဈေးဆိုင်များရှိခြင်း၊ ခရီသည်များ ရပ်နားစားသောက်ခြင်းတို့ကြောင့် ပြန်လည်စည်ကားလာ
ကြောင်းဒေသခံများထံမှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။