Trending Now

ပီရူး လည်/ဆည်ဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

ပီရူး လည်/ဆည်ဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၈

ပီရူး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဂျော်ဂီမွန်တီနီဂရိုး၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ် တွေ့ရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက မေလ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“မေလ ၆ ရက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဂျော်ဂီမွန်တီနီဂရိုးဟာ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိ၊မရှိ စမ်းသပ်မှုပြုလုပ်ရာမှာ ပိုးတွေ့ရှိခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ သည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းကြောင့် အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဝန်ကြီးက ခပ်ခွာခွာနေ စည်းမျဉ်းနှင့် ဆရာဝန်များ၏ အကြံပြုချက်များကို လိုက်နာလျက်ရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ဂျော်ဂီမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ပီရူးသမ္မတ မာတင်ဗက်ဇ်ကာရာ အစိုးရအဖွဲ့၏ ပထမဆုံးသော ဝန်ကြီးဖြစ် လာသည်။

လက်ရှိအချိန်ထိ လွှတ်တော်အမတ် ၁၀ ဉီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း လွှတ်တော်အစည်း အဝေးများ ကျင်းပနေသည့် ပီရူးကွန်ဂရက်က သတင်းထုတ်ပြန်ခဲ့သည်။

ပီရူးနိုင်ငံတွင် လက်ရှိတွင် ရောဂါခြေချုပ်နှင့် ညမထွက်ရအမိန့် အစီအမံများပါဝင်သည့် အရေးပေါ်အခြေ အနေတစ်ရပ် ချမှတ်ထားပြီး အစိုးရက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုရပ်တန့်ရန် မျှော်လင့်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာအရ ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ၅၈၅၂၆ မှုနှင့် သေဆုံးမှု ၁၆၂၇ မှုရှိကြောင်း သိရသည်။

–ကိုးကား–

ဆင်ဟွာ
Ref; Peru’s agriculture minister tests positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။