Trending Now

မုံရွာမြို့ရှိ အင်းတစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးအလောင်း တွေ့ရှိ

Spread the love

မုံရွာမြို့ရှိ အင်းတစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးအလောင်း တွေ့ရှိ
EPN
မုံရွာ၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ အင်းအတွင်း ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် စွန့်ပစ် ထားသည့် မွေးကင်းစကလေးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့(မုံရွာ)မှ သိရသည်။
မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ အင်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစကလေး(ယောင်္ကျား) အလောင်းကို ဆယ်ယူ၍ မုံရွာဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။