Trending Now

ယခုနှစ်ဘဏ္ဍာရေးနှစ် ခုနစ်လခွဲအတွင်း သတ္တုတင်ပို့မှုမှ ကန်ဒေါ်လာ ၁၉၉ သန်းကျော်ရှိခဲ့

Spread the love

ယခုနှစ်ဘဏ္ဍာရေးနှစ် ခုနစ်လခွဲအတွင်း သတ္တုတင်ပို့မှုမှ ကန်ဒေါ်လာ ၁၉၉ သန်းကျော်ရှိခဲ့

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံသည် လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဓာတ်သတ္တုတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၉ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၄၄၇ ဒသမ ၆၆၇ သန်း ရရှိခဲ့ပြီး ယခုဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၉ သန်းကျော်သာ ရရှိခဲ့သည့်အတွက် ဒေါ်လာ ၂၄၈ ဒသမ ၄၁၉ သန်းအထိ သိသိသာသာ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ကယားပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အများအားဖြင့် တွေ့ရှိပြီး ပြည်ပသို့ တင်ပိုခဲ့သည့် သတ္တုပစ္စည်းများမှာ ကျောက်မျက်ရတနာများ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ သံဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ ဇင့်၊ ကျောက်မီးသွေးနှင့် အခြားတွင်းထွက်ပစ္စည်းများ ဖြစ်ကြောင်း ဖော်ပြထားသည်။

သတ္တုတွင်းဦးစီးဌာနသည် ပို့ကုန်မြှင့်တင်ရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တွင် လိုအပ်သော ဓာတ်သတ္တုကုန်ကြမ်းများ ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် အရေးကြီးသော ဓာတ်သတ္တုများ ရှာဖွေဖော်ထုတ်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြပါရှိသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။