Trending Now

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလို ဖြစ်လာစရာအကြောင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလို ဖြစ်လာစရာအကြောင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၂၆

မြန်မာနိုင်ငံမှာ ထိုက်သင့်တဲ့ နိုင်ငံခြားငွေစုဆောင်းပြီးဖြစ်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလို ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်ပပြုလုပ်တဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။

“သီရိလင်္ကာလို ဖြစ်လာစရာအကြောင်းမရှိပါဘူး ကျွန်တော်တို့ နိုင်ငံမှာ အရံငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ် ဒါ့အပြင် အရံငွေကြေးတွေဖြစ်တဲ့ ယွမ်လိုငွေကြေးတွေလဲ စုဆောင်းပြီး ဖြစ်ပါတယ် ငွေကြေးပမာဏ မပြောနိုင်ပေမယ့် ထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလိုပဲ ဒေဝါလီခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဇူလှိုင်လ ၂၀ ရက်နေ့က စတင်ပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ချက်ပေးခဲ့တာပါ။

ဒါ့အပြင် နိုင်ငံခြားငွေ အရန်ငွေ လျော့နည်းလာမှုကို ကာကွယ်ဖို့အတွက် ဗဟိုဘဏ်ကနေ ကုမ္ပဏီတွေနဲ့ တစ်ဦးချင်း နိုင်ငံခြားချေးငွေ ပြန်ဆပ်ခြင်းကို ဆိုင်းငံထားဖို့ ညွန်ကြားခဲ့တာဟာ ကိုဗစ်ကာလအလွန် မှာ စီးပွားရေး လုပ်ငန်းတွေပြန်လည် ဦးမော့လာစေဖို့အတွက် ညွန်ကြားခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကိုဗစ်ကာလအလွန် လုပ်ငန်းများ ပြန်လည်စတင်ချိန်မှာတော့ ငွေရင်ထပ်မံတိုးချဲ့ရေးအတွက် အခက်အခဲရှိသူတွေ ရှိသလို ချေးယူထားတဲ့ ငွေရှိပါကလဲ အတိုးရော၊ အရင်းရော ပေးဆပ်ရန်ရှိပါတယ် အဲ့ဒီအနက် ပေးဆပ်ရမဲ့ ငွေတွေကို ဗဟိုဘဏ်အနေနဲ့ ကာလတစ်ခုဆိုင်ငံစေချင်းအားဖြင့် လုပ်ငန်းရှင်များ အထောက်အပံ့ဖြစ်စေရေးသာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ပြည်ပက သတင်းဌာနတွေကတော့ မြန်မာ့စီးပွားရေးဟာ သီရိလင်္ကာလို အောက်ဆုံးကို နှစ်မြုတ်နေပြီး နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုကျဆင်းလာတယ်လို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။