Trending Now
Spread the love
EPN
မြစ်ကြီးနား၊ ဧပြီ ၂၉ 
ထို့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်ရေးကို အမြန် ဆုံးဖေါ်ဆောင်ပေးပြီး တိုင်းရင်းသားများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦး စန်းဝေက ယင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုပြောကြားခဲ့သည်။ “ငြိမ်းချမ်ရေးကိုအမြန်ဆုံးအကောင်အထည်​​ဖော်​​ပေးပါ၊ တိုင်းရင်းသားပြည်သူတွေအကြောက်တရားနေကြရတာကိုအဆုံးသတ်​​ပေးပါ၊လူ့အသက်​​ပေါင်းများစွာ​​ကြေပျက်စီးတာကိုမမြင်ချင်​​တော့ပါဘူး၊ ကမ္ဘာ့လယ်မှာငြိမ်းချမ်းတဲ့မြန်မာနိုင်ငံကြီးဖြစ်ဖို့အရေးကြီးပါတယ်“ဟု ပြောကြားခဲ့သည်။ 
မိုးဝေ
———————————————–
KIO/KIA အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ လီဆူနှင့် ရှမ်းမျိုးနွယ်စုအဖွဲ့တို့မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
EPN
မြစ်ကြီးနား၊ ဧပြီ ၂၉
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(Lisu NationalDevelopment Party)နှင့် သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(Shan Ethnic Affairs)တို့ပူးပေါင်းပြုလုပ်သည့် KIA/KIO အဖွဲ့က လီဆူလူမျိုးများနှင့် ရှမ်းမျိုးနွယ်စုများအပေါ် မတရားဖမ်းဆီးညှင်းပန်းနှိပ်စက် အကြမ်းဖက်သတ်ဖြတ်ခြင်းအပေါ်ဆန့်ကျင်ရှုံ့ချသည့်သတင်းစားရှင်းလင်းပွဲကို ဧပြီလ၂၉ရက်နေ့က မြစ်ကြီးနားမြို့ရှိ Cartal Hotelတွင်ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင်” လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းတောင်းပန်ခြင်းမရှိသလို ယခင် ၂၀၁၆ခုနှစ်ကတည်းကဖြစ်ပွားခဲ့သည့်ကိစ္စများ ကိုလည်း KIO/KIAအနေဖြင့် တရားဝင်တောင်းပန်ခြင်း၊ ဖြေရှင်းပေးခြင်းမရှိကြောင်း လီဆူ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။ “ကချင်အုပ်စု ၆မျိုးကြားမှာ ပြေလည်ဖို့က အဓိကပိုအရေးကြီးပါတယ်။ မဟုတ်ရင်မလိုလားအပ်တဲ့ပြသနာတွေလူမျိုးရေးပဋိပက္ခတွေဖြစ်ပေါ်လာနိုင်ဖို့တွေ့နေရတယ်။ ကျွန်တော်တို့ကအ မုန်းပွားဖို့ လုပ်တာမဟုတ်ဘူး။ KIA/KIOအနေနဲ့ကျွန်တော်တို့မတရားညင်းပန်းသတ်ဖြတ်ခံရတာတွေကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုအဓိကတောင်းဆိုနေတာ ဖြစ်တယ်။ လူမျိုးရေးမုန်းတီးဖို့ပြသနာတွေကြီးထွားလာဖို့မရည်ရွယ်ဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို အမြန် ဆုံးဖေါ်ဆောင်ပေးပြီး တိုင်းရင်းသားများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦး စန်းဝေက ယင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးကိုအမြန်ဆုံးအကောင်အထည်ဖော်ပေးပါ၊ တိုင်းရင်းသားပြည်သူတွေအကြောက်တရားနေကြရတာကိုအဆုံးသတ်ပေးပါ၊လူ့အသက်ပေါင်းများစွာကြေပျက်စီးတာကိုမမြင်ချင်တော့ပါဘူး၊ ကမ္ဘာ့လယ်မှာြငိမ်းချမ်းတဲ့မြန်မာနိုင်ငံကြီးဖြစ်ဖို့အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါသတင်းသတင်းစာရှင်းလင်းပွဲတွင် KIO/KIAအဖွဲ့၏အကြမ်းဖက်တိုက်ခိုက်ခံရသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
မိုးဝေ
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။