Trending Now

နန့်မွန်းမြို့တိုက်နယ်ဆေးရုံသို့ COVID -19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းသည့်အခန်းတစ်ခု ပြုလုပ်လှူဒါန်း

Spread the love

နန့်မွန်းမြို့တိုက်နယ်ဆေးရုံသို့ COVID -19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းသည့်အခန်းတစ်ခု ပြုလုပ်လှူဒါန်း

EPN
အင်းတော်ကြီး၊ မတ် ၃၀

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့တိုက်နယ်ဆေးရုံသို့ ယနေ့နံနက် မတ်လ ၃၀ ရက်နေက။ ၁၀ နာရီခွဲအချိန်တွင် (COVID -19) ရောဂါကြိုတင် ကာကွယ်နိုင်စေရန်အတွက် အလှူရှင်တစ်ဦးက ဆေးဖျန်းသည့်အခန်းတစ်ခု လှူဒါန်းခဲ့ကြောင်း သိရသည်။

(COVID -19)ရောဂါကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ထမ်းများနှင့် ဝိုင်းဝန်းကူညီကြသူများ၊ သံသယလူနာများ အသုံးပြုရန်အတွက် ပိုးသတ်ဆေးဖျန်းသည့် လှူဒါန်းရခြင်းဖြစ်သည်ဟု အလှူရှင် ကိုမောင်မောင်ရွှေက ပြောသည်။

“ဆေးရုံမှာ ဆရာ /ဆရာမတွေက လူနာကို အရင်ထိတွေ့ရမှာ၊ သူတို့အတွက်ကော၊ ကူညီသူတွေအတွက်ကော၊ သံသယ လူနာတွေ အတွက်ပါ ရောဂါကာကွယ်နိုင်ဖို့ ကျွန်တော့်ရဲ့စိတ်ကူးနဲ့ အခုလိုပြုလုပ်ပြီး လှူဒါန်းရခဲ့တာဖြစ်ပါတယ်ဟု ၎င်းမှပြောသည်။

၁၆ ကုတင်ဆန့် နန့်မွန်းတိုက်နယ်ဆေးရုံသို့ ယနေ့လှူဒါန်းခဲ့သည့် ပိုးသတ်ဆေးဖျန်းသည့်အခန်းမှာ ငွေကျပ်တစ်သိန်းခွဲခန့်သာ ကုန်ကျသည့်အတွက် တတ်နိုင်သူများအနေနှင့် ဆေးရုံ၊ ဆေးခန်းများသို့ လှူဒါန်းသင့်ကြောင်း ဦးမောင်မောင်ရွှေက တိုက်တွန်းပြောဆိုခဲ့သည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။