Trending Now

ကခ်င္ျပည္နယ္ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးနွင့္ ဖားကန္႔ ေဒသခံမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိ သူမ်ားႏွင့္ ေတြ႔ဆုံ

Spread the love

ကခ်င္ျပည္နယ္ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးနွင့္ ဖားကန္႔ ေဒသခံမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိ သူမ်ားႏွင့္ ေတြ႔ဆုံ
EPN
ဖားကန္႔၊ မတ္ ၁
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔မွ လီဆူတိုင္းရင္း သားလူမ်ိဳးမ်ား ေရးရာဝန္ႀကီး ဦးအားတီေယာ ဟန္နွင့္ တိုင္းရင္းသားေရးရာေကာ္မတီဥကၠ႒ ဦးHလအာင္ နွင့္
ေဒသခံမ်ား ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၏ ေတြ႔ဆံုပြဲကို မတ္လ (၁)ရက္ နံနက္(၉:၃၀)အခ်ိန္က ဖားကန္႔ၿမိဳ႕၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္သည္။
အခမ္းအနားတြင္ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးမွ လမ္းညႊန္အမွာစကားေျပာၾကားၿပီး ကခ်င္ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားေရးရာ ေကာ္မတီဥကၠဌ ဦးHလေအာင္မွ အမွာစကား ေျပာၾကားခဲ့သည္။
အဆိုပါအခမ္းအနားတြင္ ဖားကန္႔ၿမိဳ႕နယ္ရွိ ရပ္မိရပ္ဖမ်ား၊ စာေပယဥ္ေက်းမႈမွဦး ေဆာင္သူ
မ်ား၊ ေဒသခံျပည္သူလူထုမွ လမ္း၊ တံတားကိစၥ၊ လ်ွပ္စစ္မီးကိစၥႏွင့္ အျခားေသာကိစၥရပ္မ်ားအား ဝန္ႀကီးထံ တင္ျပခဲ့ၾကသည္။
ယင္းတင္ျပမႈမ်ားနွင့္ဆက္လ်ဥ္း၍ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားမွ ျပန္လည္ေျဖၾကားရွင္းလင္းခဲ႔ၿပီး၊ဝန္ႀကီးမွလိုအပ္သည္မ်ားကို ျဖည့္စြတ္ညွိနႈိင္းေဆာင္ရြက္ရန္၊ ေဒသဖြံ႔ၿဖိဳးေရးကိစၥရပ္မ်ားကို လက္တြဲပူးေပါင္းေဆာင္ရြက္ဖို႔ လမ္းညႊန္အမွာစကားေျပာၾကားသည္။
အဆိုပါ”ေတြ႔ဆံုပြဲ”သို႔ ဖားကန္႔ၿမိဳ႕နယ္ရွိ ဌာနဆိုင္ရာမ်ား၊အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား၊အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ေဒသခံျပည္သူစုစုေပါင္း(၄၀၀)ဦးခန္႔ တက္ေရာက္ခဲ႔ေၾကာင္းသိရသည္။
ဝန္ႀကီးနွင့္အဖြဲ႔သည္ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ လမ္းညႊန္မႈ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔၏စီမံခန္႔ခြဲမႈုျဖင့္ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသတြင္ ေခါင္းမိုးေျမဖယ္ရွားျခင္းနွင့္ ေျမစာပစ္လမ္းေဖာက္လုပ္ျခင္းလုပ္ငန္းမ်ား ကြင္းဆင္းစစ္ေဆးရန္ေရာက္ရွိေနၿပီးေဖေဖာ္ဝါရီ(၂၆)မွ စတင္၍ ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္းသိရသည္။
ေနာင္ရိုး
———————————————-
ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဖားကန့် ဒေသခံများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံ
EPN
ဖားကန့်၊ မတ် ၁
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လီဆူတိုင်းရင်း သားလူမျိုးများ ရေးရာဝန်ကြီး ဦးအားတီယော ဟန်နှင့် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးHလအာင် နှင့် ဒေသခံများ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တွေ့ဆုံပွဲကို မတ်လ (၁)ရက် နံနက်(၉:၃၀)အချိန်က ဖားကန့်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးမှ လမ်းညွှန်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦးHလအောင်မှ အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဖားကန့်မြို့နယ်ရှိ ရပ်မိရပ်ဖများ၊ စာပေယဉ်ကျေးမှုမှဦး ဆောင်သူ
များ၊ ဒေသခံပြည်သူလူထုမှ လမ်း၊ တံတားကိစ္စ၊ လျှပ်စစ်မီးကိစ္စနှင့် အခြားသောကိစ္စရပ်များအား ဝန်ကြီးထံ တင်ပြခဲ့ကြသည်။
ယင်းတင်ပြမှုများနှင့်ဆက်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး၊ဝန်ကြီးမှလိုအပ်သည်များကို ဖြည့်စွတ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ လမ်းညွှန်အမှာစကားပြောကြားသည်။
အဆိုပါ”တွေ့ဆုံပွဲ”သို့ ဖားကန့်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊အုပ်ချုပ်ရေးအဖွဲ့များ၊အရပ်ဘက်အဖွဲ့အစည်းများ၊ဒေသခံပြည်သူစုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှု ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုုဖြင့် ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ခေါင်းမိုးမြေဖယ်ရှားခြင်းနှင့် မြေစာပစ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရန်ရောက်ရှိနေပြီးဖေဖော်ဝါရီ(၂၆)မှ စတင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။