Trending Now

ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ရဝမ်လူငယ်များ အသင်း၏ ဦးဆောင်မှုဖြင့် Mask များအခမဲ့ဖြန့်ဝေ

Spread the love

ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ရဝမ်လူငယ်များ အသင်း၏ ဦးဆောင်မှုဖြင့် Mask များအခမဲ့ဖြန့်ဝေ

EPN
ပူတာအို၊ ဇွန် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ရဝမ်လူငယ်များအသင်း၏ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ရော ဂါကာကွယ်ရေးနှင့်ပြည်သူများ Mask တပ်ဆင်သွားလာရေး အတွက်အသိပညာပေးခြင်းနှင့် Maskများအခမဲ့ဖြန့်ဝေခြင်းကို ဇွန်(၂၀)ရက် နံနက်(၆)နာရီက ပူတာအိုမြို့ရှိ စည်ပင်သာယာဈေး များ၌ဖြန့်ဝေ ခဲ့ကြောင်းသိရသည်။

” ခုလိုMaskဝေပေးရတာက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျွန်တော်တို့ ရဝမ်လူငယ် များအသင်းအနေနဲ့လည်း တတ်နိုင်တဲ့ဖက်က ပူးပေါင်း ပါဝင်တာဖြစ်ပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေ အနေနဲ့လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် ပူးပေါင်း လာစေချင်တာကြောင့် လည်းပါတယ်။ ကျွန် တော်တို့ ရဝမ်လူငယ်များ အသင်းအနေနဲ့တော့ ဝေးလံခေါင်ဖျားဒေသတွေကို သွားရောက်ပြီးတော့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း၊ ဆေးဝါးဆပ်ပြာ စတဲ့ ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဆက်ပြီးတော့ လည်း တတ်နိုင်သည့်ဖက်က ပူးပေါင်း ပါဝင်သွားမှာဖြစ်ပါတယ်”ဟု ရဝမ်လူငယ်များအသင်း ဒု-ဥက္ကဌ ကို ခေါ်ကွဲဖေရမ်က ပြောသည်။

ပူတာအိုမြို့နယ်တွင် Maskများဖြန့်ဝေခြင်းကို မြို့မနှင့်လေယာဉ်ကွင်း စည်ပင်သာယာဈေးများတွင် အုပ်စုနှစ်အုပ်စုဖြင့် ဈေးရောင်းဈေးဝယ် ပြည်သူများအားတပြိုင်တည်းအခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပူတာအိုခရိုင် အတွင်းရှိ ပူတာအို၊မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစသည့် မြို့နယ်လေးမြိုနယ်တွင် Maskအခုပေါင်း(၂၀၀၀) ကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရဝမ်လူငယ်များအသင်းအနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဝေးလံခေါင်ဖျားကျေးရွာ(၃၇)ရွာ သို့သွားရောက် ကွင်းဆင်းကာဆေးဝါး၊ ဆပ်ပြာများ ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ချက်များ အသံသွင်းယူထားသည့် SD ကဒ် များကို ကျေးရွာတစ်ရွာလျှင်တစ်ကဒ်နှုန်းဖြန့်ဝေပေးခြင်း နှင့် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း ရဝမ်လူငယ်များ အသင်းမှသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။