Trending Now

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းရေးစာချုပ် နှစ်ပတ်လည် အခမ်းအနား အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို သွားရောက်မယ်

Spread the love

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းရေးစာချုပ် နှစ်ပတ်လည် အခမ်းအနား အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို သွားရောက်မယ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၆

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းရေးစာချုပ် နှစ် ၇၀ မြောက် ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ လာရောက်မယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရက “အောင်ပွဲနေ့” လို့ ခေါ်ဆိုတဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ အဲဒီ နှစ်ပတ်လည် ဂုဏ်ပြုအခမ်းအနားအတွက် ပြင်ဆင်နေတဲ့အတောအတွင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီကတစ်ဆင့် အဲဒီလိုကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီနဲ့ အစိုးရအဖွဲ့က အရာရှိတွေပါဝင်တဲ့ အဲဒီအဖွဲ့ကို တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Li Hongzhong က ဦးဆောင်မယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့မှာ စတင်မယ်လို့ တရုတ်အရာရှိတွေက ဆိုပါတယ်။ ဒါဟာ မြောက်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တင်းကျပ်တဲ့ ပြည်ဝင်ခွင့်ထိန်းချုပ်မှု ကျင့်သုံးခဲ့တဲ့နောက်ပိုင်း ပထမဦးဆုံး တရားဝင် လက်ခံမယ့် နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့ ဖြစ်လာမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုဟာ အမေရိကန်ပြည်ထောင်စုအပေါ် ထိပ်တိုက်တွေ့တဲ့ သဘောထားကို အရှိန်မြှင့်လာနေတဲ့ကြားမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့အဓိက ကျောထောက်နောက်ခံ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို မီးမောင်းထိုးပြဖို့ ကြိုးစားချက်အဖြစ် ရှုမြင်ရပါတယ်။

Source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။