Trending Now

မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းကျခံသူ ၁၀၀ နီးပါလွတ် မြောက်

Spread the love

မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းကျခံသူ ၁၀၀ နီးပါလွတ် မြောက်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်မှ ယနေ့ နေ့လည် ၂နာရီကျော်ချိန်ခန့်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသူ၊ အကျဉ်းသား တစ်ရာနီးပါး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို အကျဉ်းဦးစီးဌာနမှ ယနေ့ နေ့လည်ပိုင်း အချိန်တွင် အကျဉ်းကျခံသူ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း တစ်ရာနီးပါး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း အကျဉ်းသားတစ်ဦးက ပြောသည်။

” ဒီကနေ့ နေ့လည်ပိုင်းက မြစ်ကြီးနားမှာရှိတဲ့ ဘုန်းကံပွင့် ဓမ္မာရုံမှာ အကျဉ်းသူ၊ အကျဉ်းသားတွေစုပြီးတော့ ဟောပြောပွဲလုပ်ပြီး လွှတ်ပေးခဲ့တာပါ။ အကျဉ်းသူ၊ အကျဉ်းသား တစ်ရာနီးပါးလောက် ရှိတယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အကျဉ်းကျသူများအနက် အမျိုးသားဦးရေ အများဆုံး လွတ်မြောက်ခဲ့ကာ အကျဉ်းသူ၊ အကျဉ်းသားများအတွက် ခရီးစရိတ်အနေဖြင့် တစ်ဦးလျင် နှစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့ပြီး၊ ညနေ (၃) နာရီအချိန်တွင် လွှတ်ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်းက အကျဉ်းထောင်များဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ပူတာအို စသည့် အကျဉ်းထောင်များမှလည်း အကျဉ်းသူ၊ အကျဉ်းသား တချိုလည်း နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို နိုင်ငံတော်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။