Trending Now

ညဘက် အပြင်ထွက်လည်သည့် သမီးရည်းစားနှစ်ဦး ဓားထောက်ကာ ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွား

Spread the love

ညဘက် အပြင်ထွက်လည်သည့် သမီးရည်းစားနှစ်ဦး ဓားထောက်ကာ ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွား

EPN
မြစ်ကြီးနား ၊ ဧပြီ ၂(၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် ယမန်နေ့ (ဧပြီလ (၁)ရက်နေ့)၊ ည (၁၂)နာရီခန့်က အပြင်ထွက်လာသည့် သမီးရည်းစားနှစ်ဦးကို အမည်မသိ လူငယ်တစ်စုမှ ဓားထောက်ကာ ဆိုင်ကယ်လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သမီးရည်းစားနှစ်ဦးမှာ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးအနီး နန်းတော် KTV လမ်းကြားအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် လူငယ်တစ်စုမှ ဓားဖြင့်ထောက်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့ခြင်ဖြစ်ကြောင်းအနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ကောင်းလေးနဲ့ ကောင်မလေးက ဒီတိုင်းလျောက်လည်ကြတယ် ပြောတယ်။ လူငယ် (၃)ယောက်လောက်က လမ်းဘေးမှာထိုင်ပြီး ဓားနဲ့ တားပြီးတော့ ဆိုင်ကယ်ကို ရပ်ခိုင်းတယ်။ တစ်ခါထဲပဲ ဆိုင်ကယ်ကို ယူသွားကြတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သမီးရည်းစားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိသည့်အတွက် နေအိမ်သို့ လူမှုကူညီရေး အသင်းမှ ပို့ဆောင်ပေးခဲ့ပြီး၊ လုယက်သူများကိုလည်း ဖမ်းဆီးမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့အတွင်း ခိုးဆိုးလုနှိုက်မှု ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကာ မတ်လ (၂၄)ရက်နေ့ကလည်း အေးမြသာယာရပ်ကွက်အတွင်း ညနေဘက် ဈေးဝယ်ထွက်သည့် အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်တစ်စီး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။