Trending Now

အသက်မပြည့်သေးသည့် မယားပါသမီးကို ခြိမ်းခြောက်ကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ဥပဒေအရ အရေးယူ

Spread the love

အသက်မပြည့်သေးသည့် မယားပါသမီးကို ခြိမ်းခြောက်ကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ဥပဒေအရ အရေးယူ

EPN
ဖားကန့်၊ ဇွန် ၂၃

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့က အသက်မပြည့်သေးသည့် မယားပါသမီး (၁၄-နှစ်အရွယ်ခန့်) ကို ခြိမ်းခြောက်ကာ အတင်းအဓမ္မ၊ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ သိရသည်။

အိမ်ထောင်ကွဲ၍ နောက်ယောက်ျား ယူထားသည့် မိခင်မှ ဇွန်လ (၁၇) ရက်နေ့က (၁၄)နှစ်အရွယ်၊ ညီမဖြစ်သူ ………….. အား နေအိမ် ပို့ဆောင် ခဲ့ကြောင်း၊ ညီမဖြစ်သူ၏ အခြေအနေမှာ မူမမှန်သဖြင့် ချောမော့ မေးမြန်းခဲ့ရာ ပထွေးဖြစ်သူ အိုက်ကျိုင်းဆိုသူက လွန်ခဲ့သည့် သုံးလခန့်ကတည်း အခြားသူကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရကြောင်း ပြောပြလာသဖြင့် အဆိုပါ မိန်းကလေး၏ အစ်မဖြစ်သူ………….က ဇွန်လ ၂၁ ရက်နေ့တွင် လုံးခင်းနယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ ကထန်ယန်ကျေးရွာနေထိုင်သူ (ယခင် ပိန်းညောင်ကျေးရွာ၊ ခေးနင်း ကျေးရွာအုပ်စု၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း) နေထိုင်သူ အသက်(၄၀)ခန့်အရွယ် အိုက်ကျိုင်း ဆိုသူအား သက်ဆိုင်ရာမှ စစ်ဆေးဖော်ထုတ်ခဲ့ရာ အိုက်ကျိုင်းဆိုသူက ယင်းကဲ့သို့ ကျူးလွန် ခဲ့သည်မှာ ဟုတ်မှန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် အိုက်ကျိုင်းဆိုသူအား လုံးခင်းနယ်မြေရဲစခန်းက (ပ) ၈၂/၂၀၂၀၊ အမှုကြီးအမှတ်စဉ် – ၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။