Trending Now

ကိုလံဘီယာ နွားရိုင်းသတ်ပွဲတွင် ပွဲကြည့်စင်ပြိုကျမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး လူပေါင်းရာချီ ဒဏ်ရာရ

Spread the love

ကိုလံဘီယာ နွားရိုင်းသတ်ပွဲတွင် ပွဲကြည့်စင်ပြိုကျမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး လူပေါင်းရာချီ ဒဏ်ရာရ

EPN

နိုင်ငံတကာ၊ ဇွန် ၂၇

ကိုလံဘီယာနိုင်ငံ တိုလီမားပြည်နယ် အယ်အက်စ်ပီနယ်မှာ မနေ့က နွားရိုင်းသတ်ပွဲတစ်ခု ကျင်းပနေစဉ်အတွင်း ပွဲကြည့်စင်တစ်ပိုင်း ပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူ ပေါင်း ၃၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပရိသတ် ၃၀၀၀ ခန့်ရှိတဲ့ နွားရိုင်းသတ်ပွဲထဲက ၁၀ မီတာမြင့်တဲ့ ပွဲကြည့်စင်တစ်ပိုင်းဟာ ရုတ်တရက်ပြိုကျသွားခဲ့ပြီး ကွင်းပြင်ထဲကို လူပေါင်းများစွာ ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျလာတဲ့ လူတွေကို နွားရိုင်းတွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ပွဲကြည့်စင်ပြိုကျမှုအတွင်းမှာ အမျိုးသမီး နှစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အရွယ်မရောက်သေးသူတစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ တိုလီမား ဆေးရုံမှာ ပို့ဆောင်ပေးထားပါတယ်။” လို့ တိုလီမား ပြည်နယ်အဏာပိုင်တွေက ပြောပါတယ်။

ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကူညီထောက်ပံ့ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကိုလံဘီယာ သမ္မတက ညွန်ကြားခဲ့ပါတယ်။

ကိုလံဘီးယာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်မှာလဲ အလားတူဖြစ်ရပ်မျိုး တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီး လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။

Source – NHK – NYPOST

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။