Trending Now

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသက်မုန်တိုင်းကြောင့် ၁၁ ဦး သေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးနေ

Spread the love

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသက်မုန်တိုင်းကြောင့် ၁၁ ဦး သေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် စုစုပေါင်း လူ ၁၁ ဦး သေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ မန်းထူးကူ က လေးဦးနဲ့ ဖန်ရှမ်းခရိုင်က နှစ်ဦးတို့ပါဝင်ပြီး အခြားသေဆုံးသူတွေဟာ ချန်ပင်း ခရိုင်က လေးဦးနဲ့ ဟိုင်ဒန်း ခရိုင်က တစ်ဦးတို့ပါဝင်ကြောင်း မြို့တော်ရဲ့ ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဒေါက်ဆူရီရဲ့ ရိုက်ခတ်မှုကြောင့် ဇူလိုင်လ ၂၉ ရက်နေ့က စတင်ကာ တရုတ်နိုင်ငံတစ်ဝှမ်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အထူးသဖြင့် အနောက်ပိုင်း၊အနောက်တောင်ပိုင်းနဲ့ တောင်းပိုင်းဒေသေတွေမှာ မိုးသက်မုန်တိုင်းတွေ ပြင်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရပြီး လက်ရှိအချိန်အထိ မြို့တွင်းနေထိုင်သူ ၂၇,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။