Trending Now

မျောက်ကျောက်ရောဂါကို စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

Spread the love

မျောက်ကျောက်ရောဂါကို စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ပြန့်ပွားမှုကို လူထုကျန်းမာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့နဲ့အဝှမ်း စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေအဖြစ် စနေနေ့က ကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့က ကမ္ဘာတဝန်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အရေးပေါ်ကော်မတီအစည်းအဝေးတစ်ရပ်မှာ ဆွေးနွေးခဲ့တဲ့အချက်တွေအပေါ် အခြေခံပြီး WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အဲဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Tedros က “ကျွန်တော်တို့ အနည်းငယ်လောက်ပဲ သိရှိနားလည်ထားတဲ့ ကူးစက်ပြန့်ပွားနည်းအသစ်တွေနဲ့ ဒီကူးစက်ရောဂါဟာ ကမ္ဘာတဝန်း အလျင်အမြန် ကူးစက်ပြန့်ပွားနေတယ်” လို့ ပြောခဲ့ပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုရှိကြောင်း အတည်မပြုထားတဲ့ နိုင်ငံနဲ့ဒေသတွေအပါအဝင် နိုင်ငံတွေအနေနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်ဖို့နဲ့ ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ တခြားအစီအမံတွေ ဆောင်ရွက်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။
အလားတူပဲ ကိုဗစ် ကပ်ရောဂါနဲ့ ပိုလီယို ကင်းစင်အောင် လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းအားထုတ်မှုတွေလိုမျိုး ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေကို လူထု ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေတွေအဖြစ် အရင်က ကြေညာခဲ့ပါတယ်။
Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။