Trending Now

နန္းမားတြင္ မူးယစ္ေဆးသံုးစြဲသူမ်ားမွ မက္သဒုံးသုံးစြဲရန္ အမည္စာရင္းေပးသူ မ်ားလာဟုဆို

Spread the love

နန္းမားတြင္ မူးယစ္ေဆးသံုးစြဲသူမ်ားမွ မက္သဒုံးသုံးစြဲရန္ အမည္စာရင္းေပးသူ မ်ားလာဟုဆို
EPN
နန္းမား၊ ေဖေဖၚဝါရီ ၂၈
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ နန္းမားေဒသ၊နန္းမားတိုက္နယ္ေဆးရုံရွိ မက္သဒံုးတိုက္စင္တာတြင္ မူးယစ္ ေဆး သံုးစြဲေနသူမ်ားထဲမွ မူးယစ္ေဆးဝါးအစားထုိးအျဖစ္
မက္သဒုံးေဆးေသာက္သုံးရန္အတြက္ ယခုရက္ပိုင္းအ တြင္း လာေရာက္ေလွ်ာက္ထားသူ ၃၀၀ ေက်ာ္ရွိေၾကာင္း ယင္းတိုက္နယ္ေဆးရုံမွ သိရသည္။
အဆိုပါ နန္းမားေဒသအတြင္း မူးယစ္ေဆးဝါးသုံးစြဲမ်ားကုိ နန္းမားေဒသအုပ္ခ်ဳပ္ေရးမွဴးႏွင့္ လူငယ္အဖြဲ႔အစည္း မ်ားက ပူးေပါင္းၿပီး မူးယစ္ေဆးဝါးေၾကာင္းႏွင့္ ပတ္သက္၍ စည္းရုံးေဟာေျပာခဲ့သည့္အျပင္ မူးယစ္ေဆးဝါးအစား မက္သဒုံးကို အစားထိုးေသာက္သုံးရန္ ေဟာေျပာမႈမ်ားေၾကာင့္ ယခုကဲ့သုိ႔ မက္သဒုံးသုံးစြဲရန္ လာေရာက္ အမည္ စာရင္းေပးသူမ်ားလာျခင္းျဖစ္ေၾကာင္း ယင္းကိစၥကုိ ကူညီေဆာင္ရြက္ေပးေနသူ လူငယ္လမ္းျပၾကယ္အဖြဲ႕မွ ကိုသန္႔ေဇာ္ဝင္း
ကေျပာသည္။
“က်ေနာ္တို႔ ေဒသမွာ လက္ရိွခံစားေနရတာက မူးယစ္ေဆးသံုးစြဲသူ လူငယ္ေတြမ်ားတယ္။အလုပ္ကမရိွဘူး မိဘဆီကေတာင္းၾကတယ္၊တခါကႏွစ္ခါဆိုေတာ့ မိဘက မေပးႏိုင္ဘူး၊မေပးႏိုင္ေတာ့ အိမ္မွာရိွတာ ယူတယ္ ရသေလာက္နဲ႔ေရာင္းၿပီး မူးယစ္ေဆးဝါးကို ဝယ္သံုးတယ္။ဒီအေျခအေနမ်ဳိးကို နန္းမားရပ္ကြက္တိုင္းက အိမ္တခ်ဳိ႕က မိသားစုေတြ အလူးအလဲခံစားေနၾကရတယ္၊ဒါန႔ပတ္သက္ၿပီး နန္းမားအုပ္ခ်ဴပ္ေရးမွဴး အစီအစဥ္နဲ႔ မက္သဒံုးရရိွေရး လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဆးသံုးစြဲသူလူငယ္ေတြကို မူးယစ္ေဆးမသံုးစြဲဘဲ မက္သဒံုးေသာက္ၾကဘို႔ က်ေနာ္တို႔ ေဒသခံ လူငယ္အဖြဲ႕ေတြကေန စည္း႐ံုးေရး ဆင္းၿပီး ယခုလိုအေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့တဲ့အတြက္ ယခု ေဆးျဖတ္မယ္ဆိုၿပီး က်ေနာ္တို႔ဆီမွာ လာေရာက္ေလွ်ာက္လႊာတင္ ေဖာင္ျဖည့္ၿပီး မက္သဒံုး ေသာက္သူ တရက္ထက္တရက္ ယခုဆို ပိုမ်ားလာပါၿပီ “ ဟု ၎က ေျပာသည္။
ထို႔အျပင္ ယင္းမူးယစ္ေဆးဝါးအစားထုိး မက္သဒံုးကို ယခင္က မိုးညႇင္းေဆး႐ံုႀကီးမွာ စာရင္းေပး ေသာက္ရ သည့္ အတြက္ သြားေရးလာေရးအခက္အခဲမ်ားျဖစ္ကာ မက္သဒံုးေသာက္ခ်င္ခဲ့ေသာ္လည္း အဆင္မေျပမႈမ်ား ေၾကာင့္ သုံးစြဲႏုိင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း၊ယခု နန္းမားတိုက္နယ္ေဆး႐ံုတြင္ ေန႔စဥ္ နံနက္(၉)နာရီဆို လူအမည္စာရင္း သြင္း လက္မွတ္ထိုးၿပီး မက္သဒုံးကို လာေရာက္ထုတ္ယူႏိုင္သည့္အတြက္ ယခုကဲ့သုိ႔ မက္သဒုံးသုံးစြဲမႈ မ်ားလာရျခင္း လည္းျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။
အဆိုပါ နန္းမားတိုက္နယ္ေဆးရုံရွိ မက္သဒံုးက်န္းမာေရးစင္တာ တည္ေဆာက္ရန္ (NGO)အဖြဲ႕တခုမွ မ တည္ ေငြ က်ပ္သိန္း(၂၀)ႏွင့္ နန္းမားေဒသခံမ်ားက ထည့္ဝင္ေငြ က်ပ္သိန္းေပါင္း(၆၈)သိန္းျဖင့္ အကုန္အက်ခံၿပီး ကိုယ္ထူကိုယ္ထတည္ေဆာက္ခဲ့့ျခင္းျဖစ္ေၾကာင္း၊ ယခုႏိုင္ငံေတာ္အစိုးရကပါ မူးယစ္ေဆးဝါး ကင္းစင္ေရး အ တြက္ ေထာက္ပံ့မႈအေနျဖင့္ မက္သဒံုးရရိွေအာင္ ကူညီေပးခဲ့ျခင္းေၾကာင့္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားအေနျဖင့္ မူးယစ္ေဆးဝါးအစားထိုး မက္သဒုံးကုိ အလြယ္တကူရရွိႏိုင္ၿပီျဖစ္ေၾကာင္း နန္းမားအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေဌး က ဆိုသည္။
အဆိုပါ နန္းမားေက်းရြာတြင္ ၂၀၁၇ ခုႏွစ္မွစတင္ကာ မူးယစ္ေဆးသံုးစြဲသူ ဦးေရ ျမင့္တက္လာခဲ့သည့္အတြက္ ေၾကာင့္ နန္းမားေက်းရြာလူထုမွ မူးယစ္ေဆး ဆန္႔က်င္ေၾကာင္း ၂၀၁၈ ခုႏွစ္ ဇြန္လ ၂၄ရက္ေန႔က ပထမဆံုးအႀကိမ္အျဖစ္ ဆႏၵေဖာ္ထုတ္ပြဲျပဳလုပ္ခဲ့သည္ ဟုသိရိွရၿပီး ၂၀၁၈ ခုႏွစ္ ၆လပိုင္း(၁)ရက္ေန႔တြင္ အဆိုပါ မက္သဒံုးစင္တာအား ဖြင့္လွစ္ႏုိင္ခဲ့ေၾကာင္း သိရသည္။
မုိးျမင့္
—————————————————————
နန်းမားတွင် မူးယစ်ဆေးသုံးစွဲသူများမှ မက်သဒုံးသုံးစွဲရန် အမည်စာရင်းပေးသူ များလာဟုဆို
EPN
နန်းမား၊ ဖေဖေါ်ဝါရီ ၂၈
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသ၊နန်းမားတိုက်နယ်ဆေးရုံရှိ မက်သဒုံးတိုက်စင်တာတွင် မူးယစ် ဆေး သုံးစွဲနေသူများထဲမှ မူးယစ်ဆေးဝါးအစားထိုးအဖြစ် မက်သဒုံးဆေးသောက်သုံးရန်အတွက် ယခုရက်ပိုင်းအ တွင်း လာရောက်လျှောက်ထားသူ ၃၀၀ ကျော်ရှိကြောင်း ယင်းတိုက်နယ်ဆေးရုံမှ သိရသည်။
အဆိုပါ နန်းမားဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲများကို နန်းမားဒေသအုပ်ချုပ်ရေးမှူးနှင့် လူငယ်အဖွဲ့အစည်း များက ပူးပေါင်းပြီး မူးယစ်ဆေးဝါးကြောင်းနှင့် ပတ်သက်၍ စည်းရုံးဟောပြောခဲ့သည့်အပြင် မူးယစ်ဆေးဝါးအစား မက်သဒုံးကို အစားထိုးသောက်သုံးရန် ဟောပြောမှုများကြောင့် ယခုကဲ့သို့ မက်သဒုံးသုံးစွဲရန် လာရောက် အမည် စာရင်းပေးသူများလာခြင်းဖြစ်ကြောင်း ယင်းကိစ္စကို ကူညီဆောင်ရွက်ပေးနေသူ လူငယ်လမ်းပြကြယ်အဖွဲ့မှ ကိုသန့်ဇော်ဝင်း
ကပြောသည်။
“ကျနော်တို့ ဒေသမှာ လက်ရှိခံစားနေရတာက မူးယစ်ဆေးသုံးစွဲသူ လူငယ်တွေများတယ်။အလုပ်ကမရှိဘူး မိဘဆီကတောင်းကြတယ်၊တခါကနှစ်ခါဆိုတော့ မိဘက မပေးနိုင်ဘူး၊မပေးနိုင်တော့ အိမ်မှာရှိတာ ယူတယ် ရသလောက်နဲ့ရောင်းပြီး မူးယစ်ဆေးဝါးကို ဝယ်သုံးတယ်။ဒီအခြေအနေမျိုးကို နန်းမားရပ်ကွက်တိုင်းက အိမ်တချို့က မိသားစုတွေ အလူးအလဲခံစားနေကြရတယ်၊ဒါန့ပတ်သက်ပြီး နန်းမားအုပ်ချူပ်ရေးမှူး အစီအစဉ်နဲ့ မက်သဒုံးရရှိရေး လုပ်ဆောင်ခဲ့ပြီးနောက် ဆေးသုံးစွဲသူလူငယ်တွေကို မူးယစ်ဆေးမသုံးစွဲဘဲ မက်သဒုံးသောက်ကြဘို့ ကျနော်တို့ ဒေသခံ လူငယ်အဖွဲ့တွေကနေ စည်းရုံးရေး ဆင်းပြီး ယခုလိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့အတွက် ယခု ဆေးဖြတ်မယ်ဆိုပြီး ကျနော်တို့ဆီမှာ လာရောက်လျှောက်လွှာတင် ဖောင်ဖြည့်ပြီး မက်သဒုံး သောက်သူ တရက်ထက်တရက် ယခုဆို ပိုများလာပါပြီ “ ဟု ၎င်းက ပြောသည်။
ထို့အပြင် ယင်းမူးယစ်ဆေးဝါးအစားထိုး မက်သဒုံးကို ယခင်က မိုးညှင်းဆေးရုံကြီးမှာ စာရင်းပေး သောက်ရ သည့် အတွက် သွားရေးလာရေးအခက်အခဲများဖြစ်ကာ မက်သဒုံးသောက်ချင်ခဲ့သော်လည်း အဆင်မပြေမှုများ ကြောင့် သုံးစွဲနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ယခု နန်းမားတိုက်နယ်ဆေးရုံတွင် နေ့စဉ် နံနက်(၉)နာရီဆို လူအမည်စာရင်း သွင်း လက်မှတ်ထိုးပြီး မက်သဒုံးကို လာရောက်ထုတ်ယူနိုင်သည့်အတွက် ယခုကဲ့သို့ မက်သဒုံးသုံးစွဲမှု များလာရခြင်း လည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ နန်းမားတိုက်နယ်ဆေးရုံရှိ မက်သဒုံးကျန်းမာရေးစင်တာ တည်ဆောက်ရန် (NGO)အဖွဲ့တခုမှ မ တည် ငွေ ကျပ်သိန်း(၂၀)နှင့် နန်းမားဒေသခံများက ထည့်ဝင်ငွေ ကျပ်သိန်းပေါင်း(၆၈)သိန်းဖြင့် အကုန်အကျခံပြီး ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနိုင်ငံတော်အစိုးရကပါ မူးယစ်ဆေးဝါး ကင်းစင်ရေး အ တွက် ထောက်ပံ့မှုအနေဖြင့် မက်သဒုံးရရှိအောင် ကူညီပေးခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် မူးယစ်ဆေးဝါးအစားထိုး မက်သဒုံးကို အလွယ်တကူရရှိနိုင်ပြီဖြစ်ကြောင်း နန်းမားအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး က ဆိုသည်။
အဆိုပါ နန်းမားကျေးရွာတွင် ၂၀၁၇ ခုနှစ်မှစတင်ကာ မူးယစ်ဆေးသုံးစွဲသူ ဦးရေ မြင့်တက်လာခဲ့သည့်အတွက် ကြောင့် နန်းမားကျေးရွာလူထုမှ မူးယစ်ဆေး ဆန့်ကျင်ကြောင်း ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည် ဟုသိရှိရပြီး ၂၀၁၈ ခုနှစ် ၆လပိုင်း(၁)ရက်နေ့တွင် အဆိုပါ မက်သဒုံးစင်တာအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။