Trending Now

လျှပ်စစ်မော်တော်ယာဉ်သုံး လီသီယံဘတ္ထရီထုတ်လုပ်ရေးစက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့်အခြေအနေများဆွေးနွေး

Spread the love

လျှပ်စစ်မော်တော်ယာဉ်သုံး လီသီယံဘတ္ထရီထုတ်လုပ်ရေးစက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့်အခြေအနေများဆွေးနွေး

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား – မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရှိသော ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်း အမြစ်မျိုးစုံမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လျာထားစီမံ ကိန်းနေရာများသို စူးစမ်းလေ့လာရေး သွားရောက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း တွင်ကျယ်စွာ အသုံးပြုလာနိုင်မည့် လျှပ်စစ်မော်တော် ယာဉ်သုံးလီသီယံဘတ္ထရီ ထုတ်လုပ်ရေး စက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရေးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။