Trending Now

ဆင်ဘိုမြို့ ဒေသခံပြည်သူများ KIA၊ KIO လက်နက်ကိုင်အဖွဲ့ထံ ဝင်ရောက်ရန် လူသစ်စုဆောင်မှု စတင်ပြုလုပ်

Spread the love

ဆင်ဘိုမြို့ ဒေသခံပြည်သူများ KIA၊ KIO လက်နက်ကိုင်အဖွဲ့ထံ ဝင်ရောက်ရန် လူသစ်စုဆောင်မှု စတင်ပြုလုပ်

EPN
ဆင်ဘို၊ ဧပြီ ၂၊ ၂၀၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အတွင်းရှိ ဒေသခံပြည်သူများ KIA၊ KIO လက်နက်ကိုင် အဖွဲ့အစည်းထံဝင်ရောက်ရန် လူသစ်စုဆောင်းခြင်းကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်ဘိုမြို့အား KIA၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ပြီးခဲ့သည့် လပိုင်းအတွင်းက ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ လက်ရှိအချိန်တွင် ဆင်ဘိုမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာအုပ်စုအတွင်းက ဒေသခံများကိုပါ လူသစ်စုဆောင်းခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

” ဆင်ဘိုမြို့ကို သူတို့ထိန်းချုပ်လိုက်တာက ဖေဖော်ဝါရီလထဲက ဟုတ်တယ်။ အစိုးရဝန်ထမ်းတွေတော့ ဘယ်သူမှ မရှိကြတော့ဘူး။ မြို့ပေါ်မှာ သူတို့ပဲရှိနေတာ။ အခုဆို ဆင်ဘိုမြို့ပေါ်က ရပ်ကွက်အလိုက် အမျိုးသားဘယ်နှစ်ဦးပေးရမယ်ဆိုပြီး လူသစ်ခေါ်နေတယ်။ မလိုက်မနေရ အမိန့်နဲ့ပေါ့။ ပိုက်ဆံပေးလို့ မရဘူး။ လူကိုယ်ပဲ အဓိကထား ခေါ်နေတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူသစ်စုဆောင်းခြင်းအား ပြီးခဲ့သည့် လပိုင်းအတွင်းက KIA၊ PDF ပူးပေါင်းအဖွဲ့မှ ရပ်ကျေးတာဝန်ခံများကို ခေါ်ယူ၍ အစည်းဝေးတစ်ရက် ပြုလုပ်ခဲ့ကာ အစည်းဝေး‌ပွဲတွင် တစ်ရပ်ကွက်လျင် အမျိုးသားနှစ်ဦးနှုန်း‌ ပေးပို့ရမည်ဟု KIA၊ PDF အဖွဲ့မှ ပြောဆိုခဲ့သည့် ယင်းအမိန့်အား မတ်လ ၃၁ ရက်နေ့ကစ၍ အကောင်အထည် ဖော်ဆောင်ခြင်းပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မူများ ရှိနေကြောင်း သိရသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဆင်ဘိုမြို့ပေါ် ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု အတွင်းက ဒေသခံပြည်သူများကို ၎င်းတို့၏ အဖွဲ့အစည်းတွင် ဝင်‌ရောက်ထမ်းဆောင်ရန် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လာ၍ ဆင်ဘိုမြို့ပေါ် ရှိ ပြည်သူများနှင့် ကျေးရွာအုပ်စုအတွင်းက ဒေသခံများ အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆင်ဘိုမြို့ပေါ် တွင် တပ်စွဲနေထိုင်လျက်ရှိသည့် KIA၊ PDF ပူးပေါင်းအဖွဲ့သည် ဒေသခံများအား လူသစ်စုဆောင်းခြင်းပြုလုပ်နေပြီး၊ ဆင်ဘိုမြို့နှင့် သုံးမိုင်အကွာတွင် ရှိသည့် ခလရ (၁၄၁) တပ်ရင်းအား သိမ်းပိုက်နိုင်ရေးအတွက် လူအင်အား တိုးချဲ့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ခလရ(၁၄၁) တပ်စခန်းကုန်းအား သိမ်းပိုက်နိင်ရန် ဖေဖော်ဝါရီလ (၁၀) နေ့ ကစ၍ အပြင်းထန်ထိုးစစ်ဆင်၍ တိုက်ခိုက်နေသော်လည်း
သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရန်နိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။