Trending Now

အနောက်နိုင်ငံတွေက ရုရှားစွမ်းအင် ဈေးနှုန်းတွေကို ကန့်သတ်ထားရင် စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းမယ်လို့ ပူတင်ခြိမ်းခြောက်

Spread the love

အနောက်နိုင်ငံတွေက ရုရှားစွမ်းအင် ဈေးနှုန်းတွေကို ကန့်သတ်ထားရင် စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းမယ်လို့ ပူတင်ခြိမ်းခြောက်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားပို့ကုန်တွေရဲ့ ဈေးနှုန်းတွေကို ကန့်သတ်ဖို့ ကြိုးစားရင် အနောက်နိုင်ငံတွေကို စွမ်းအင်ထောက်ပံ့မှု လုံးဝဖြတ်တောက်မယ်လို့ ဗုဒ္ဓဟူးနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ ယူကရိန်းမှာ ပြုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုကိုလည်း ရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပူတင်က ကတိပြုခဲ့ပါတယ်။

ဗလာဒီဗော့စတော့ခ် မြို့မှာ နှစ်စဉ်ကျင်းပတဲ့ စီးပွားရေးဖိုရမ်မှာ ပူတင်က ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ ဈေးနှုန်းတွေကို ကန့်သတ်ဖို့ ကြိုးစားနေတဲ့ ဥရောပရဲ့ အစဉ်စဉ်တွေဟာ “မိုက်မဲ့တဲ့” အယူအဆဖြစ်ပြီး “ဈေးနှုန်းတက်စေမယ့်” အကြံအစည်တွေသာ ဖြစ်တယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။

“အုပ်ချုပ်ရေးနည်းလမ်း နဲ့ ဈေးနှုန်းကန့်သတ်ဖို့ ကြိုးပမ်းမှုဟာ အရူးအမူးသက်သက်သာဖြစ်ပါတယ် ဒါက အဓိပ္ပါပယ်မရှိလှပါဘူး၊ သူတို့က ဒီမိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်၊ အဲဒါကို ချမှတ်မယ့်သူတွေ အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။” လို့ ပူတင်က ပြောပါတယ်။

အီးယူ ရဲ့ လုပ်ဆောင်မှုတွေဟာ လက်ရှိစာချုပ်တွေကို ပြတ်ပြတ်သားသား ချိုးဖောက်နေခြင်းကို ကိုယ်စားပြုနေတာဖြစ်တယ်လို့ ပူတင်က သတိပေးခဲ့ပြီး ရုရှားဘက်က စွမ်းအင်တင်ပို့မှုကို လုံးဝဖြတ်တောက်ခြင်းနဲ့ တုံ့ပြန်နိုင်တယ်လို့ ထပ်လောင်း သတိပေးခဲ့ပါတယ်။

“စာချုပ်တွေကို ချိုးဖောက်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှာလား။ ဒါဆိုရင်တော့ အဲဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့အတွက် ထောက်ပံ့မှုတွေ ရပ်တန့်သွားမယ်။ ဓာတ်ငွေ့၊ ရေနံ၊ ဒီဇယ်ဆီ ဒါမှမဟုတ် ကျောက်မီးသွေးကိုတောင် ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။” လို့ ပူတင်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ စွမ်းအင်တင်ပို့မှုကို ဥရောပနဲ့ ဝေရာကို ပြောင်းရွှေ့ဖို့အတွက် အာရှမှာ ဖောက်သည် လုံလောက်စွာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ကမ္ဘာ့ဈေးကွက်တွေမှာ ဝယ်လိုအားက အရမ်းများနေတော့ ရောင်းရတာ ပြဿနာမရှိဘူး” လို့ ပူတင်က ပြောပါတယ်။

ရုရှားက ဂျာမနီကို Nord Stream 1 ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ထောက်ပံ့မှုကို ဆိုင်းငံ့ထားတာဟာ စွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ ဥရောပက စွပ်စွဲခဲ့ပြီး ပူတင်က “ပိတ်ဆို့အရေးယူမှုတွေနဲ့ သူတို့ကိုယ်သူတို့ တွန်းပို့ခဲ့တာပါ လက်ရှိအခြေအနေက ကျွန်တော်တို့ကို အတင်းအကြပ် တွန်းအားပေးနေတဲ့ သူတွေကိုယ်တိုင် သူတို့ရဲ့ ဆန္ဒကို ဆုံးဖြတ်ဖို့ အနေအထားမှာ မရှိဘူး” လို့ အနောက်နိုင်ငံတွေမှာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ညွှန်ပြခဲ့ပါတယ်။

— ကိုးကား —
အေပီ
Ref; Putin: Russia may halt energy exports if West caps prices

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။