Trending Now

နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိမ်စီးကားတစ်စီးပေါ်မှ ကျည်ဆံများနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

Spread the love

နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိမ်စီးကားတစ်စီးပေါ်မှ ကျည်ဆံများနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ဇွန်လ ၂၁

ကချင်ပြည်နယ် မိုးညှင်းမြို့ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ကျည်ဆံများနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ဖြစ်ပေါ်ခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်နေစဉ်တွင် ဖားကန့်-ဆိုင်းတောင်မှ မန္တလေးမြို့သို့ ထွက်ခါွလာသော ယာဉ်မောင်း ဝင်းနိုင်စိုး မောင်းနှင်းပြီး ခရီးသည် ကျား (၄)ဦးလိုက်ပါလာသည့် TOYATA lpsum လိုင်စင်ရှိ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကားခေါင်းခန်းအင်ဂျင်ခန်းအတွင်း အဲယားကလင်ဒါ အဖုံးအောက် ပလပ်စတစ်အမဲရောင်အိပ်ငယ်(၂)အိပ်ဖြင့် ထည့်ထားသော 7.62×39ကျည်အမျိုးအစား (၂၀၀)တောင့်၊ ဝိုက်ဘာအံအတွင်းမှ ပလပ်စတစ်အမဲရောင် အိပ်ငယ် (၃)အိပ်ဖြင့်ထည့်ထားသော 7.62×39ကျည်အမျိုးအစား (၃၁၆)တောင့်၊ စုစုပေါင်းကျည် (၅၁၆)တောင့်၊ရှေ့ထွက်မိုင်း(အဟောင်း) အမြင့် ၄.၃ လက်မ၊ အချင်း ၃ လက်မခန့်ရှိ အကြီး(၂)လုံး၊အမြင့် ၃.၈ လက်၊အချင်း ၁.၈ လက်မခန့်ရှိ အသေး(၆)လုံး၊ စနက်တံ(၅)ခု၊ ကားနောက်ဖုံးအတွင်း ဘယ်ဘက်အံဝှက်ထဲမှ အဝါရောင် တိတ်ဖြင့်ပတ်ထားသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်ဖျက်စ (၇)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျည်ဆံများနှင့် ကျောက်စိမ်းအရိုင်းတုံးများအား သယ်ဆောင်လာသည့် ယာဉ်မောင်းအား မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။