Trending Now

ဝိုင်းမော်မြို့နယ်၊ ကံတော်ယာန် မလိခစက်ရုံ ရေလှောင်တမံအနီးတွင် မိုးများ ရွာသွန်းမှုကြောင့် တောင်ပြိုလမ်းပိတ်ဆို့မှု ဖြစ်ပွား

Spread the love

ဝိုင်းမော်မြို့နယ်၊ ကံတော်ယာန် မလိခစက်ရုံ ရေလှောင်တမံအနီးတွင် မိုးများ ရွာသွန်းမှုကြောင့် တောင်ပြိုလမ်းပိတ်ဆို့မှု ဖြစ်ပွား

EPN
ဝိုင်းမော်၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကံတော်ယန် မလိခစက်ရုံ ရေလှောင်တမံ အနီးတွင် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက မိုးအဆက္မပြတ် ရွာသွန်းခဲ့၍ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်း ရေလှောင်တမံ ကန်အတွင်း နုန်းသဲများ ဝင်ရောက္မှုများ ဖြစ်ပွားခဲ့ကြောင်း ဘူးဂါးလျှပ်စစ်ဌာနမှ သိရသည်။

ဇွန်လ ၂၇ ရက်နေ့က ဝိုင်းမော်မြို့နယ် နန်ဆန်ယန်နှင့် ကံတော်ယန် လမ်းပိုင်းတို့တွင် မိုးအဆက္မပြတ် ရွားသွန်းခဲ့မှု ကြောင့် တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်း များရှိခဲ့၍ မလိခ ရေအားလျှပ်စစ် ရေလှောင်တမံအတွင်းသို့ နုန်းသဲများဝင်ရောက်ခြင်းတို့အား စက်ယန္တရားများဖြင့် အမြန်ဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း ဘူးဂါးလျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

” ကံတော်ယန် မလိခစက်ရုံ ရေလှောင်တမံ တောင်ကျောတစ်လျှောက်မှာ မိုးများလို့ တောင်ပြိုတာတွေဖြစ်ခဲ့လို့ သွားလာမှုလမ်းပိုင်းတွေ ပိတ်ဆို့တာ တွေ ဖြစ်ခဲ့တယ်။ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အားချင်း ရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့တယ်။ လမ်းတွေလည်း ပြန်သွားလာလို့ရပြီ ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ တောင်ပြိုခြင်းကြောင့် မလိခရေလှောင်တမံ အတွင်းသို့ ကျရောက်ခဲ့သည့် နုန်းသဲများ ရှင်းလင်းမှုကို ပွင့်လင်းရာသီ အချိန်တွင် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မိုးများနေခြင်းကြောင့် သန့်ရှင်းရေး ဆောင်ရွက်ရန် အခက်အခဲရှိခြင်းနှင့် ရေလုံလောက္မှု ရှိနေခြင်းတို့ကြောင့် အရေးကြီး အများပြည်သူများ သွားလာရေး အဆင်ပြေမှုကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူ ထံမှ သိရသည်။

ကံတော်ယန်၊ ဂျာဖ၊ မဂါယန် ကျေးရွာရှိ ဒေသခံပြည်သူများ၊ တိုက်ပွဲရှောင်စခန်း နေသူများ သွားလာမှု အဆင်ပြေစေရန် ပိတ်ဆို့နေသည့် လမ်းပိုင်းများကို စက်ယန္တရားကြီးများနှင့် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယမန်နေ့ကစ၍ ပုံမှန်အတိုင်းသွားလာရန် ‌လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကံတော်ယန် မလိခစက်ရုံ ရေလှောင်တမံသည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မြို့၊ ကျေးရွာ ဒေသခံမိဘပြည်သူများ လျှပ်စစ်မီးရရှိရေးကို အဓိက ပို့လွှတ်ပေးနေသော ဘူးဂါးမှလျှပ်စစ်ဖြန့်ဖြူးပေးနေသည့် စက်ရုံ တစ်ခုဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။