Trending Now

ဗန်းမော်ကားဂိတ်များ၌ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်

Spread the love

ဗန်းမော်ကားဂိတ်များ၌ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်

EPN
ဗန်းမော်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းပေးခြင်းကို ဧပြီ ၅ ရက် နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး သက်နိုင်ဦးနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ကြီးကြပ်မှုကော်မတီ
ဥက္ကဋ္ဌ ဦးတင်ဖေနှင့်အဖွဲ့တို့သည် ဗန်းမော်ကားလေးဝင်း၊ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်- မန္တလေး၊ ဗန်းမော်-ရန်ကုန် ထွက်ခွာမည့် မော်တော်ယာဉ်များနှင့် ကားဂိတ်များအားပိုးသတ်ဆေးဖြန်းပေးခြင်း၊ ခရီးသည်များအား အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးပေးခြင်းများ ပြုလုပ်ခဲ့သည်။

အလားတူ အမှတ် (၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်းမြို့တွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် COVID-19 ရောဂါ အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။