Trending Now

(၃)နှစ်ကျော်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့

Spread the love

(၃)နှစ်ကျော်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့

EPN
နေပြည်တော်၊ မတ် ၃၀ (၂၀၂၄)

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဥ်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ (၃)နှစ်ကျော်အတွင်း၌ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA တွင် Burma Act အရ အမေရိကန်ဒေါ်လာ (၁၂၁ သန်း)ကို မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ပံ့ပေးရန်ဆိုသော အကြောင်း ပြချက်ဖြင့် အမေရိကန်သမ္မတက လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရှင်းလင်းဖြေကြားချက်၌ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှုများ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၂၆ ရက်အထိ နိုင်ငံတစ်ဝန်းတွင် ရဟန်း/သံဃာ (၈၁)ပါး၊ သီလရှင် (၂)ပါး ပျံလွန်တော်မူခဲ့ပြီး၊ ပြည်သူ (၅၇၉၁)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၉၅၂)ဦး (စုစုပေါင်း ၇၈၂၆ ဦး) သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် အကြမ်းဖက်ဖျက်ဆီးခံရမှုများကြောင့် နိုင်ငံတစ်ဝှမ်းမှ ဆက်သွယ်ရေး/လျှပ်စစ်တာဝါတိုင် (၅၆၃)ခု၊ ကျန်းမာရေးအဆောက်အဦး (၅၅)လုံး၊ ဘာသာရေးအဆောက်အဦး (၇၇)လုံး၊ လမ်းတံတား/တိုးဂိတ် အဆောက်အဦး (၁၅၁၈) ခု၊ စာသင်ကျောင်း/ပညာရေးအဆောက်အဦး (၆၇၇)လုံး၊ လူနေ အဆောက်အဦး (၁၀၆၉)လုံး၊ ဌာနဆိုင်ရာ အဆောက်အဦး (၂၇၅၇)လုံး၊ စက်ရုံ/အလုပ်ရုံ (၉၉)လုံးနှင့်အခြားအဆောက်အဦး (၄၈၃)လုံး (စုစုပေါင်း ၇၂၉၈ လုံး) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များပြားလျက်ရှိသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု နည်းပါးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး၊ တရုတ်နိုင်ငံ ဝိုင်းပတ်ထိန်းချုပ်ရေး မူဝါဒအရ မြန်မာနိုင်ငံကို အသုံးချနေခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။