Trending Now

ချောင်းကူးပင်မ ဓာတ်အားခွဲရုံ Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ၍ ပျက်စီးမှုများပြားကာ ပြန်လည်ပြုပြင်ရန် ကြာမြင့်မည်

Spread the love

ချောင်းကူးပင်မ ဓာတ်အားခွဲရုံ Drop Bomb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ၍ ပျက်စီးမှုများပြားကာ ပြန်လည်ပြုပြင်ရန် ကြာမြင့်မည်

EPN
မကွေး၊ ဧပြီ ၅ (၂၀၂၄)

မကွေးတိုင်းရှိ ချောင်းကူးပင်မဓာတ်အားခွဲရုံသည် ပြီးခဲ့သည့် ဧပြီ ၃ ရက်က Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် ပျက်စီးမှုများပြားကာ ပြန်လည်ပြုပြင်ရန် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

PDF အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ 230/66/11 kV 100 MVA ချောင်းကူးပင်မ ဓာတ်အားခွဲရုံအား Deop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဓာတ်အားခွဲရုံ၏ Main Transformer များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် 230 kV Shunt GCB ၏ A Phase ကြွေသီးကွဲခြင်း၊ 230 kV MK Box ပျက်စီးခြင်း၊ 230 kV Main D/S ၏ Mechanism Box ပျက်စီးခြင်း၊ 66 kV Mindat Feeder GCB ၏ A Phase ကြွေသီးကွဲခြင်း၊ 66 kV Spare GCB ၏ A Phasre ကြွေသီးပဲ့ခြင်း၊ 230/66/11 kV(100) MVA A Phase နှင့် B Phase Transformer ၏ Radiator နှင့် Spare Transformer ၏ Radiator များပေါက်ပြဲကာ ဆီများယိုစိမ့်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းကူးပင်မ ဓာတ်အားခွဲရုံသည် ဂန့်ဂေါမြို့၊ ထီးလင်းမြို့၊ ဆောမြို့၊ ကျောက်ထုမြို့၊ပေါက်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟားခါးမြို့၊ ဖလမ်းမြို့၊ ကန်ပက်လက်မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

” ကျွန်တော်တို့ သိရသလောက် ပြောရမယ်ဆိုရင် ပြန်ပြီးပြင်ဆင်ဖို့ လိုအပ်တဲ့ အရန်ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေ လိုတယ်တဲ့။ အဲဒါတွေကိုသယ်ယူရမယ်။ နောက် လျှပ်စစ်ကျွမ်း ကျင် ပညာရှင်တွေကိုလည်း ခေါ်ရမယ်ပြောတယ်။ အခုချိန်ထိကတော့ ပြင်ဆင်တာတွေ ဘာမှမလုပ်နိုင်သေးဘူး။ မီးပြန်လာဖို့က အတော်ကြာအုံးမှာပါ ” ဟု ဂန့်ဂေါမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မြို့များနှင့် မြို့နယ်များ၊ ဆက် စပ်ကျေးရွာများတွင် ဧပြီ ၃ ရက်ညနေပိုင်းမှစတင်၍ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကာ ဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှု များပြားသဖြင့် ပြန်လည်ပြုပြင်ရန် ကြာမြင့်မည်ဖြစ်ရာ လျှပ်စစ်မီးပြန်လည်ရရှိမည့် အချိန်လည်း ကြာမြင့်နိုင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။