Trending Now

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့

Spread the love

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့

EPN
မိုးမောက်၊ မေ ၂၂

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့သစ်ကျေးရွာပါတီရုံးတွင် မေလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပါတီဝင်များသို့ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Stay Home ကာလအတွင်း ပါတီဝင်များအနေနှင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ ထောက်ပံ့ခြင်း ဖြစ်သည်ဟု မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောပြသည်။

“‘ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါကြောင်း ပါတီဝင်တွေဟာ စီးပွါးရေးလုပ်ကိုင် လို့ မရကြဘဲ Stay at home နေကြရတယ်၊ ဒါကြောင့် စားဝတ်နေရေး ပြေလည်စေဖို့အတွက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ခြင်းဖြစ်ပါတယ် ” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။

ယမန်နေ့က ထောက်ပံ့မှုတွင် မြို့သစ်ကျေးရွာအုပ်စုအတွင်း ကျေးရွာ(၁၀) ရွာမှ အိမ်ထောင်စု (၅၆)စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဝိုင်း၊ မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူး များ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။