Trending Now

မိုးညှင်းတွင် ဆေးကြောင်နေသူမှ မိခင်ဖြစ်သူအား ရန်ပြုသတ်ဖြတ်မှု ဖြစ်ပွား

Spread the love

မိုးညှင်းတွင် ဆေးကြောင်နေသူမှ မိခင်ဖြစ်သူအား ရန်ပြုသတ်ဖြတ်မှု ဖြစ်ပွား

EPN
မိုးညှင်း၊ ဇွန် ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦးမှ ဆေးကြောင်ကာ ၎င်း၏ မိခင်ဖြစ်သူအား ရန်ပြု သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မိုးညှင်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဒေါ်အဲလှအောင် တွင် ဝဲဘက်မျက်လုံး ဖူးယောင် ညိုမည်း ဒဏ်ရာ ပါးစပ်မှ သွေးထွက် ညိုမည်းဒဏ်ရာ ဝဲဘက်နားထင် ဖူးယောင်ဒဏ်ရာ ယာဘက်တံတောင် ဖူးယောင် ဒဏ်ရာများ တွေ့ရှိခဲ့ပြီး ဇော်ဇော်ဦး ဆိုသူမှ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲကာ ဆေးကြောင်ပြီး လက်သီးဖြင့် ထိုးကြိတ်ခဲ့ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အနီးပတ်ဝန်းကျင်တွင် စုံစမ်းမှုပြုရာ ဇော်ဇော်ဦး ဆိုသူသည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသူဖြစ်ပြီး မကြာခဏ မိခင်အားရန်ပြုသဖြင့် မိခင်ဖြစ်သူမှာ ထွက်ပြေးရလေ့ ရှိကြောင်း နှင့် ယင်းနေ့နံနက်(၁၀)နာရီအချိန်ခန့်ကလည်း ဇော်ဇော်ဦးမှ မိခင်ဖြစ်သူအား အော်ဟစ်ရန်ပြုနေသည့် အသံကြားရကြောင်း စုံစမ်းသိရသည်။

တာဝန်ရှိသူများက သေဆုံးသူ၏ အလောင်းအား မိုးညှင်းခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မိခင်ဖြစ်သူအား သေဆုံးသည်အထိ ထိုးကြိတ် သတ်ဖြတ်ခဲ့သူ ဇော်ဇော်ဦး၊ (၃၁)နှစ်၊ (ဘ)ဦးတုံလု၊ အရှေ့စု ရပ်ကွက် (၆)လမ်း၊ မိုးညှင်းမြိ့ုနေထိုင်သူအား မိုးညှင်းမြိ့ုမရဲစခန်းမှ အမှုကြီး အမှတ်စဉ် ၄/၂၀၂၀ (ပ)၇၈/၂၀၂၀ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။