Trending Now

KSC19PN Volunteer များမှ မြစ်ကြီးနား မနောကွင်း ၆၃ ဧကဘက်ရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်း

Spread the love

KSC19PN Volunteer များမှ မြစ်ကြီးနား မနောကွင်း ၆၃ ဧကဘက်ရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်း

 

EPN Brief News
မြစ်ကြီးနား၊ မေ ၃၁

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှု ဘက်စုံအားကစားကွင်းအနီး သို့ လာရောက်စွန့်ပစ်ကြသည့် အမှိုက်များကို ယနေ့ မေ ၃၁ရက်နေ့က Kachin State Covid-19 Prevention Network (KSC19PN) Volunteer များမှ သွားရောက် ရီင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုသို့KSC19PN Volunteer များမှ အမှိုက် များအားလုံးကို ရှင်းလင်းရာတွင် အမှိုက်ပုံထဲမှ ဆေးထိုးအပ်များ စွန့်ပစ်ထားကြောင်းလည်း သိရသည်။

Kachin State Covid-19 Prevention Network (KSC19PN) Volunteer အဖွဲ့သည် လက်ရှိဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်တားဆီးရေးအတွက် ဖွဲ့စည်းထားသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ Qaurantine Centreများတွင် ကူညီဆောင်ရွက်ပေးနေပြီး အားလပ်သည့်အချိန်များတွင် ယခုလို အများ အကျိုးပြု လုပ်ငန်းများလုပ်ဆောင်ပေးနေကြောင်း သိရသည်။

Photo Credit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။